ဧရာဝတီတိုင်းမ်
မေလ ၂၀ ရက်
ဖွံ့ဖြိုးပြီးနိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တော်မှာပြုလုပ်နေ တဲ့ G7 ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း ဆွေးနွေးခဲ့တဲ့ မြန်မာ့အရေး အပါအဝင် ပြဿ နာများစွာကို တင်ပြမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါရဲ့ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဟာ G7 ထိပ်သီးဆွေးနွေး ပွဲမှာ ဧည့်သည်အနေနဲ့ တက်ရောက်လျက်ရှိပါတယ်။
“မြန်မာပဋိပက္ခ အပါအဝင် အာဆီယံဒေသတွင်း ပြဿနာတွေကို G7 ထိပ်သီးဆွေးနွေးပွဲမှာ တင်ပြသွား မှာဖြစ်ပါတယ်” လို့ မေလ ၁၉ ရက်က ဂျပန်သို့မထွက်ခွာမီ ဂျကာတာမြို့တော်ရှိ ဟာလင်းပါဒါနာကူဆူမာ လေ ဆိပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တော်မှာ မေလ ၁၉ ရက်မှ ၂၁ ရက်အထိ ပြုလုပ်နေတဲ့ G7 ထိပ်သီးဆွေးနွေးပွဲမှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နဲ့ ဉရောပသမဂ္ဂရဲ့ ခေါင်းဆောင်တွေ တက်ရောက် နေပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ကြိုးပမ်းမှုတွေ ဆက်လက်ထားရှိမယ့် အာဆီယံအဖွဲ့ရဲ့ ကတိကဝတ်တွေကို မေလ ၁၁ ရက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားမှာ ဂျိုကိုဝီက အလေးထား ပြောခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ အဆုံးသတ်စေမယ့် ကြိုးပမ်းမှုတစ်ခုမှာ အာဏာသိမ်းစစ်ကောင်စီ သို့မဟုတ် သက် ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာ အသိအမှတ်ပြုတာမဟုတ်ပါဘူး။ ထိတွေ့ဆက်ဆံတဲ့ နည်းလမ်းတစ် ရပ်က အသိအမှတ်ပြုတယ်လို့ မဆိုလိုပါဘူး” လို့ မေလ ၁၁ ရက်မှာ ဂျိုကိုဝီက ပြောကြားခဲ့ပါတယ်။
ကိုးကား – Tempo
Ref; Jokowi to Bring Up Issues on Myanmar in G7 Summit in Japan