ဧရာဝတီတိုင်းမ်
မေလ ၁၉ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ ပြန်ပို့ဆောင်မယ့် အစီအစဉ်တစ်ရပ်ကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က မေလ ၁၈ ရက်မှာ အပြင်းအထန် ဝေဖန်ခဲ့ပြီး အဲဒီအစီအစဉ်ဟာ ရိုဟင်ဂျာတွေရဲ့ အသက်နဲ့လွတ်လပ်မှုအတွက် ကြီးမားတဲ့အန္တရာယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂက လူမျိုးသုဉ်းသတ်ဖြတ်မှုတစ်ခု ဖြစ်နိုင်တယ်လို့ဆိုထားတဲ့ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် စစ် တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာတစ်သန်းခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံ ထားရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရမယ့် အချိန်ကောင်းမဟုတ်သေးဘူးလို့ ကုလသမဂ္ဂက ထပ်တလဲ လဲ ပြောကြားခဲ့ပေမယ့် နှစ်နိုင်ငံစလုံးက လာမယ့်သီတင်းပတ်တွေအတွင်း ရှေ့ပြေးစီမံကိန်းတစ်ခုအရ ရိုဟင်ဂျာ ၁၁၀၀ ဝန်းကျင်ကို ပြန်ပို့ဆောင်ဖို့ မျှော်မှန်းထားပါတယ်။

“ရိုဟင်ဂျာတွေ ဘာအကြောင်းရင်းကြောင့် ဒုက္ခသည်တွေဖြစ်လာခဲ့တာဆိုတာကို ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင်တွေ မမေ့သင့်ဘဲ ဘာအချက်မှ မပြောင်းလဲခဲ့တာ အမှတ်ရသင့်ပါတယ်” လို့ HRW က ပြောကြားပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရင် နောက်ထပ် အစု လိုက်အပြုံလိုက် ထွက်ပြေးတာတွေ ဖြစ်လာမယ်လို့ HRW က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီကို တစ်ရာခိုင်နှုန်းပင် အယုံအကြည် မရှိဘူးလို့ ရိုဟင်ဂျာတစ်ဉီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို အဓမ္မ နေရပ်ပြန်ပို့တယ်ဆိုတဲ့ သတင်းတွေကို ဘင်္ဂလား ဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မီဇာနူရာမန်က ငြင်းဆန်လိုက်ပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့တာ ဆန္ဒအလျောက်ဖြစ်ပါတယ်။ HRW ရဲ့စွပ်စွဲချက်က မမှန်ပါ ဘူး” လို့ ရာမန်က ဆိုပါတယ်။

ကိုးကား – AFP
Ref; Human Rights Watch slams Myanmar, Bangladesh plan to repatriate Rohingya