ဧရာဝတီတိုင်းမ်
မေလ ၁၉ ရက်

ဧရာ၀တီတိုင်း၊ ​ပုသိမ်မြို့အမှတ် ၃ ရပ်ကွက် ဈေးလေးမီးပွိုင့်အနီးမှာ မေလ ၁၉ ရက်နေ နံနက်ပိုင်းက အမျိုးသားတစ်ဦး လဲကျသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။

လမ်းပေါ်လဲကျသေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက် ၄၀ အရွယ်ပိုင်းတစ်ဦးဖြစ်ပြီး ဘာကြောင့်သေဆုံးတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

” စတွေ့ထဲကအသက်မရှိတော့ဘူး၊၊ ကိုဗစ်ကြောင့်လားမသိလို့ လူမှုကူညီရေးကိုအကြောင်းကြားလိုက်တာ။ ရဲတွေပါရောက်လာပြီ ဆေးရုံကိုသယ်သွားတာပဲ”လို့ ​ပုသိမ်မြို့ဒေသခံတစ်ဦးကပြောပါတယ်။

သေဆုံးသူအမျိုးသားဟာ အသက် ၄၀ ကျော်ခန့်လို့ခန့်မှန်းရပြီး ပြင်ပဒဏ်ရာမတွေ့ပဲ သေဆုံးခဲ့တာကြောင့် ပုသိမ်ဆေးရုံမှာ ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မတ်လအတွင်းမှာ နေ့အပူချိန်မြင့်တက်လာမှုကြောင့် ရုတ်တရက်လဲကျပြီး အသက်သေဆုံးမှုဖြစ်စဥ်တွေ နိုင်ငံအနှံမှာဖြစ်ပေါ်နေပါတယ်။

ဧရာ၀တီတိုင်းမှာ သင်္ကြန်ပွဲတော်အပြီး ကိုဗစ်ပိုးတွေ့လူနာတွေပြန်လည်များပြားလာသလို မေလ ၆ ရက်နေ့ကလည်း ဟင်္သာတမြို့မှာ ကိုဗစ်ရောဂါနဲ့ လူနာတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

#ပုသိမ် #အမျိုသားတစ်ဦး #လမ်းပေါ်လဲကျသေဆုံးနေ၊ #ကိုဗစ်ရာဂါကြောင့်သေဆုံးတာဖြစ်မှာ #ဒေသခံများစိတ်ပူနေ #Ayeyarwaddy_Times