ဧရာဝတီတိုင်းမ်
မေလ ၁၉ ရက်
အိန္ဒိယအစိုးရပိုင်ကုမ္ပဏီတွေနဲ့ အိန္ဒိယနိုင်ငံတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းတွေက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ကောင်စီထံ ဒေါ်လာ ၅၁ သန်းတန်ကြေးရှိ စစ်လက်နက်နဲ့ ကုန်ကြမ်း တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုက ပြောကြားလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရုရှား၊ တရုတ်၊ စင်ကာပူ၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကနေ ဒေါ်လာ တစ်ဘီလီ ယံတန်ကြေးရှိ စစ်လက်နက်တွေ၊ ကိရိယာတွေနဲ့ကုန်ကြမ်းတွေ တင်သွင်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသ မဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ တွမ်အန်ဒရူးက ပြောပါတယ်။
အိန္ဒိယနိုင်ငံအခြေစိုက် ကုမ္ပဏီ ၂၂ ခုက မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ၊ ပစ္စည်းကိရိယာတွေနဲ့ ကုန် ကြမ်းတွေ တင်ပို့ခဲ့တယ်လို့ အစီရင်ခံစာအတွင်း တွမ်အန်ဒရူးက ပြောပါတယ်။
စစ်လက်နက်ထောက်ပံ့တဲ့ အိန္ဒိယကုမ္ပဏီတွေထဲမှာ နိုင်ငံပိုင် Bharat Dynamics၊ Bharat Electronics၊ Yantra India နဲ့ ပုဂ္ဂလိကလုပ်ငန်းဖြစ်တဲ့ Sandeep Metalcraft နဲ့ Larsen & Toubro တို့ ပါဝင်ပါတယ်။
ကင်းထောက်လှမ်းမှု၊ အမြောက်နဲ့ ဒုံးကျည်တွေ ပစ်ခတ်ရာမှာ အသုံးပြုတဲ့ စစ်လက်နက်တွေကို အိန္ဒိယ နိုင်ငံက မြန်မာစစ်တပ်ထံ ဆက်လက်ရောင်းချတာဟာ နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဉပဒေကို ချိုးဖောက်ရာကျတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
“မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ထောက်ပံ့တာဟာ နိုင်ငံတကာရာဇဝတ်မှုလည်း ဖြစ်နိုင်တယ်ဆို တာ အိန္ဒိယနိုင်ငံက သတိထားသင့်ပါတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။
အာဏာမသိမ်းမီ အရပ်သားအစိုးရနဲ့ပြုလုပ်ခဲ့တဲ့ ကတိကဝတ်အတိုင်း မြန်မာနိုင်ငံသို့ လက်နက်တွေ ရောင်းချခဲ့တာလို့ အိန္ဒိယအစိုးရက တွမ်အန်ဒရူးကို ပြောကြားခဲ့ပါတယ်။
“မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားက ဘာလဲဆိုတာ အိန္ဒိယက ထည့်သွင်းစဉ်းစားပါတယ်” လို့ အိန္ဒိယ ကိုယ်စားလှယ်တွေက တွမ်အန်ဒရူးကို ပြောခဲ့တယ်လို့ အစီရင်ခံစာက ပြောပါတယ်။
ကိုးကား – Scroll
Ref; India supplied $51 million in arms, raw materials to Myanmar military since 2021 coup: UN reportm