ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မေလ ၁၉ ရက်

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေး စီမံကိန်းဇုန် တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ထားဝယ်ခရိုင်၊ တပ်ရင်း (၁) မှ တိုက်ခိုက်ခဲ့ကြောင်း ယနေ့ မေလ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းတွင် ကျင်းများတူး၍ ကင်းစောင့် နေကြသည့် စစ်ကောင်စီတပ်သားများကို ပြီးခဲ့သည့် မေလ ၁၄ ရက် နံနက် ၅နာရီ၃၀ မိနစ်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊တပ်ရင်း(၁) မှ ဒရုန်းတပ်ဖွဲ့တို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ထားဝယ်စီးပွားရေးဇုန်ကို ဒရုန်းနဲ့ လေးကြိမ်တိုက်ခိုက်ခဲ့တာပါ။သုံးကြိမ် မြောက်မှာ တော့ ပစ်မှန်ကိုထိတယ်။ လေးကြိမ်မှာတော့ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ကြောင့် ဒရုန်း တစ်စီးပျက်စီးဆုံးရှုံးခဲ့ရတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ထားဝယ်ခရိုင်၊တပ်ရင်း (၁) မှ ပြန်ကြားရေးတာဝန်ခံ ကပ္ပတိန် က ဧရာဝတီ တိုင်းမ် ကိုပြောသည်။

ထားဝယ် အထူးစီးပွားရေးဇုန်ကို တိုက်ခိုက်ရာတွင် ဂိတ်စခန်းကို သိမ်းယူနိုင်ခဲ့ခြင်းမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်၊တပ်ရင်း (၁) မှ ဒရုန်းတပ်ဖွဲ့တို့ ဝက်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

#တနင်္သာရီတိုင်း #ထားဝယ်အထူးစီးပွားရေးဇုန် #ဒရုန်း #ဗုံးကြဲတိုက်ခိုက် #စစ်ကောင်စီတပ်သား၂ဦးသေ #Ayeyarwaddy_Times