ဧရာဝတီတိုင်းမ်
မေလ ၁၆ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကိုကျော်စွာနှင့် ကိုရှိူင်းကိုကို တို့၏ ရုပ်အလောင်းများကို မိသားစုထံ ပြန်မပေးပဲ မီးသဂြိုလ်ပစ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
၎င်းတို့ ၂ ဦး ပစ်သတ်ခံရပြီးနောက် အလောင်းကို မီးရှို့ဖျက်ဆီးကာ ကိုကျော်စွာ ပိုင်ဆိုင်သည့် ဆိုင်ကယ် PCX နှင့် ဆိုင်ကယ် ဘောက်အတွင်းမှ သိန်းနှစ်ထောင်(၂,၀၀၀) ကျော်ရှိ ဘဏ်စာအုပ်က်ိုလည်း စစ်ကောင်စီတပ်များက သိမ်းဆည်းသွားကြောင်း ဒေသခံများကပြောသည်။
ကိုကျော်စွာနှင့် ကိုရှိုင်းကိိုကို တို့ နှစ်ဦး၏ အလောင်းကို လေးမျက်နှာပြည်သူ့ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးပြီးနောက် စစ်ကောင်စီတပ်များက ထုတ်ယူသွားကာ မိသားစူထံပြန်မပေးပဲ မီးသဂြိုလ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“အဲ့ဒီကိစ္စကို စစ်တပ်တွေနဲ့ စစ်တပ်ကို ကူညီပေးနေတဲ့ ထောက်တိုင်တွေက ဒီသတင်းကိုဖုန်းဖိထားကြတယ်၊ ဘယ်သူမှ မသိကြသေးဘူး။ တစ်ခြား အဖမ်းရတဲ့ သူတွေကိုလည်း စစ်တပ်က ဘယ်ခေါ်သွားမှန် အခုထိမသိရဘူး” ဟု လေးမျက်နှာမြို့နယ် ရဲစခန်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီခံရသည့် ဟင်္သာတမြို့မှ ကိုညိမ်းချမ်းထွေးနှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၎င်းတို့ လေးဦးတို့ကို မည်သည့်နေရာအား ခေါ်ဆောင်သွားကြောင်း မသိရှိသေးပဲ ကျန်ရှိသည့် အမျိုးသား နှစ်ဦးမှာ လွတ်မြောက်သွားကြောင်း လေးမျက်နှာမြို့ခံများက ဆိုသည်။
၎င်းဖြစ်စဥ်မှာ ကိုကျော်စွာအပါအင် ဒေသခံ ၈ ဦးတို့သည် မေလ ၁၀ ရက် နံနက်ပိုင်း ဆိုင်ကယ်မောင်းနှင်လာချိန် ငဝန်မြစ်ကူးတံတားအနီး ကင်းပုန်းချထားသည့် စစ်ကောင်စီတပ်တွေက မသင်္ကာသည်ဟုဆိုကာ သေနတ်နှင့်လိုက်လံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သတင်းပေးတ်ိုင်ကြားခဲ့သည့် လေးမျက်နှာမြို့နယ်၊ ကတက်ကုန်းအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အောင်ဆန်းမြင့်၊ ဘိသလွန်အုပ်ချုပ်ရေးမှူး သန်းဇော်နှင့် ကရင်တော့ကျေးရွာ ရာအိမ်မှူးသိန်းဦး တို့ကလည်း ဒေသခံတွေကို နေ့စဥ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။
ဓာတ်ပုံ- လေးမျက်နှာမြို့၊ ငဝန်မြစ်ကူးတံတားအနီးအခင်းဖြစ်ပွားခဲ့ရာနေရာအားမြင်တွေ့ရစဥ်။
#လေးမျက်နှာ #ပစ်သတ်ခံရတဲ့ #ကိုကျော်စွာအပါအဝင် #လူနှစ်ဦး #အလောင်းဖြောက်မီးရှို့ဖျက်ဆီး #သိန်း၂၀၀၀ကျော် #ဘဏ်စာအုပ်စစ်ကောင်စီသိမ်းယူ
#Ayeyarwaddy_Times