ဧရာဝတီတိုင်းမ်
မေလ ၁၄ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နားကနေ ဖြတ်ကျော်နေတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ညနေ ၄ နာရီကျော်မှာ ပိုမိုပြင်းထန်တဲ့ အားနဲ့ စစ်တွေမြို့ကို နောက်တစ်ကြိမ်ထပ်မံဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသပညာရပ်လေ့လာသုံးသပ်သူ ဆရာ ဦးဝင်းနိုင်က သုံးသပ်ပြောဆိုထားပါတယ်။
လက်ရှိအချိန်မှာ စစ်တွေမြို့နားကနေ မုန်တိုင်းဟာ ကုန်းတွင်းဝင်ရောက်ဖြတ်ကျော်နေတာဖြစ်ပြီး ညနေ ပိုင်းမှာတော့ မုန်တိုင်းရဲ့ နောက်တစ်ပိုင်းက ထပ်မံဝင်ရောက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ ညနေ ၄ နာရီအချိန်လောက်မှာ မုန်တိုင်းရဲ့ နောက်ပိုင်းကတကြိမ်ထပ်ပြီးဝင်လာပါလိမ့်မယ်။ လေတိုက်နှုန်းက ပင်လယ်ဘက်က(အနောက်မြောက်ဘက်က ဝင်လာမဲ့ အခြေအနေကြောင့် ပိုပြီးပြင်းထန်နိုင်ပါမယ်” သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သတိပေးထားပါတယ်။
နောက်တစ်ကြိမ်ဝင်ရောက်မယ့် မုန်တိုင်းဟာ မေလ ၁၄ ရက်နေ့ ညသန်းခေါင်ကျော်အထိ ကြာနိုင်တယ်လို့ လည်းခန့်မှန်းပြောဆိုထားပါတယ်။
မုန်တိုင်းဒီရေရိုက်ခတ်မှုဟာလည်း ပိုမြင့်လာနိုင်သလို ပိုပြင်းထန်လာနိုင်တာကြောင့် အလင်းရောင်မဲ့ သွားတဲ့ အထိဖြစ်လာနိုင်တာကြောင့် လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။
#စစ်တွေမြို့ #မုန်တိုင်း #မိုခါ #ဆိုင်ကလုန်း #Ayeyarwaddy_Times