ဧရာဝတီတိုင်းမ်
မေလ ၁၃ ရက်
အာဆီယံအဖွဲ့ရဲ့ မစွက်ဖက်ရေးမူက မြန်မာ့အရေးကို ဖြေရှင်းရာမှာ အတားအဆီးတစ်ခု ဖြစ်နေတယ်လို့ Tempo သတင်းဌာနဲ့ အထူးအင်တာဗျူးတစ်ခုမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားလိုက်ပါ တယ်။
မြန်မာ့အရေးရဲ့ အကျိုးသက်ရောက်မှုက ဒေသတွင်းကို ဂယက်ရိုက်ခတ်မှုရှိတာကြောင့် အာဆီယံအဖွဲ့က မြန်မာ့အရေးဖြေရှင်းမယ့် ချည်းကပ်နည်းကို ပြောင်းလဲဖို့လိုအပ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာ့အရေးက မလေးရှားနိုင်ငံရဲ့ လူမှုစီးပွားရေးပြဿနာတွေ တည်ငြိမ်မှုကို သက်ရောက်မှုရှိစေပြီး ပုဂ္ဂိုလ်ရေးအရ အာဏာသိမ်းစစ်ကောင်စီအပေါ် တင်းမာတဲ့ရပ်တည်ချက်ထားဖို့ ပိုနှစ်သက်ပေမယ့် ဆက်ဆံမှု လုံး ဝ ဖြတ်တောက်တာမျိုးတော့ မလုပ်လိုဘူးလို့ အန်ဝါက ပြောပါတယ်။
“မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံအဖွဲ့အနေနဲ့ အလုပ်မဖြစ်တဲ့ မစွက်ဖက်ရေးမူက အတားအဆီးတစ် ခု ဖြစ်နေတာကြောင့် သင့်တော်တဲ့မူဝါဒကို ပြောင်းလဲသင့်ပါပြီ” လို့ အန်ဝါက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ စီးပွားရေး ကစဉ့်ကလျားအခြေအနေတွေ ဖြစ်ပွားခဲ့တာပါ။
အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ မေလ ၇ ရက်က ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မှာ အာဆီယံ အကူအ ညီပေးရေးယာဉ်တန်းကို ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။
အင်ဒိုနီးရှားနဲ့ စင်ကာပူသံတမန်တွေ လိုက်ပါလာတဲ့ အာဆီယံ အကူအညီပေးရေးယာဉ်တန်း တိုက်ခိုက်ခံ ရမှုနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ/ကိုးကား – Tempo
Ref; Malaysia’s PM Calls for ASEAN Approach Change to Solve Myanmar Conflict