ဧရာဝတီတိုင်းမ်
မေလ ၁၁ ရက်

ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဟာ မိုချာလို့ခေါ်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တစ်ခုအဖြစ် အရှိန်ပြင်းလာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေမြို့ကြား ဝင်ရောက်နိုင်ခြေရှိတယ်လို့ တာဝန်ရှိသူတွေက ယနေ့နံနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ယီမင်ဘာသာစကားနဲ့ ‘မိုခါ’ လို့ အသံထွက်တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုချာကြောင့် အန်ဒမန်ကျွန်းစုမှာ မိုး သည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဆိုင်ရာ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒီနေ့မနက် ၈ နာရီ ၃၀ မိနစ်မှာ မိုချာမုန်တိုင်းဟာ ပို့ဘလဲမြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၅၁၀ ခန့်အကွာမှာ ဗဟိုပြုတိုက်ခတ်ခဲ့တယ်လို့ အိန္ဒိယ မိုးလေဝသဌာန (IMD) က ပြောကြားခဲ့ပါတယ်။

ဒီညမှာ ဆိုင်ကလုန်းမုန်တိုင်း ‘မိုချာ’ က အလွန်တရာ အင်အားပြင်းထန်သော မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ IMD က ဆိုပါတယ်။

မေလ ၁၃ ရက်မှာ ‘မိုချာ’ ဆိုင်ကလုန်းမုန်တိုင်းက အင်အားအပြင်းဆုံး အခြေအနေ ရောက်ရှိနိုင်ပြီး မေလ ၁၄ ရက်မှာ အင်အားအနည်းငယ် လျော့သွားမယ်လို့ IMD က ခန့်မှန်းပါတယ်။

မေလ ၁၄ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်း ‘မိုချာ’ က တစ်နာရီလျင် ကီလိုမီတာ ၁၂၀ မှ ၁၃၀ နှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ကော့ဘဇားနဲ့ ကျောက်ဖြူကြား မြန်မာကမ်းရိုးတန်းမြောက်ပိုင်းကို ဖြတ် ကျော်ဝင်ရောက်မယ်လို့ IMD က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ – EastMojo
ကိုးကား – PTI
Ref; Deep depression over Bay of Bengal intensifies into cyclonic storm Mocha