ဧရာဝတီတိုင်းမ်
မေလ ၁၀ ရက်
၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုနဲ့ အွန်လိုင်း ပေါ်မှလိမ်လည်မှုတွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အဓိကထား ဆွေးနွေးခဲ့တယ်လို့ မလေးရှား နိုင်ငံ ခြားရေးဝန်ကြီး ဇမ်ဘာရီကဒါက ပြောပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ အခြေခံမဟာဗျူဟာအဖြစ် ဆက်လက်ရှိနေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ကနဉီးအစည်းအဝေးအတွင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဆွေးနွေးခဲ့တယ်လို့ သူက ဆိုပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ ဖော်ဆောင်ဖို့ လိုအပ်သလို မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးရာမှာ အာဆီယံဥက္ကဌရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံဖို့လည်း လို အပ်တယ်လို့ ဇမ်ဘာရီက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးအပ်ရာမှာ အာဆီယံ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဗဟို ဌာန (AHA Centre) မှတစ်ဆင့် အာဆီယံနိုင်ငံတွေက ဉီးဆောင်မှု ဆက်လက်ယူမယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီ ပေးအပ်နိုင်ဖို့ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ရ မယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။
အာဆီယံဥက္ကဌ အပြောင်းအလဲရှိချိန်မှာ ပြဿနာတွေကိုရှောင်ကြဉ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အ ထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍ ဆက်လက်လိုအပ်တယ်လို့ ဇမ်ဘာရီက ဆိုပါတယ်။
ဓာတ်ပုံ/ကိုးကား – Bernama
Ref; Myanmar issue, cross-border crime and ‘job scam’ hotly discussed at the ASEAN meeting
#Ayeyarwaddy_Times