ဧရာဝတီတိုင်းမ်
မေလ ၉ ရက်

စစ်တပ်ရဲ့ အစောင့်အကြပ်နဲ့သွားတဲ့ အာဆီယံ လူသားချင်းစာနာမှုအကူအညီ ညှိနှိုင်းဆောင်ရွက်ရေးဗဟို ဌာန (AHA Center) ရဲ့ယာဉ်တန်း ပစ်ခတ်ခံရမှုသတင်းအပေါ် အလွန် စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ဆိုခွင့်ရှိသူ မက်သယူးမေလာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေးကို ဥပေက္ခာပြုတာတွေကြောင့် မြေပြင်မှာ မတည်ငြိမ်မှုပိုဖြစ်လာချိန် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ ရှမ်းပြည်နယ်မှာ အခုလို အာဆီယံ အ ကူအညီပေးရေးယာဉ်တန်း ပစ်ခတ်ခံရတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးမှာ ကူညီပေးဖို့ အပါအဝင် အာဆီ ယံ ဘုံသဘောတူညီချက် ၅ ရပ်ပါ ကတိကဝတ်တွေကို အာဏာသိမ်းစစ်ကောင်စီက လျစ်လျူရှုနေဆဲလို့ ထုတ်ပြန် ချက်က ပြောပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိပ္ပာယ်ရှိရှိ ဖော်ဆောင်ဖို့နဲ့ စစ်အာဏာရှင်လက်အောက် မနေလိုတာ ကို ထုတ်ဖော်ပြသခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ရည်မှန်းချက်တွေကို လေးစားသမှုရှိဖို့ အမေရိကန်နိုင်ငံ က အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

သံတမန်တွေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ အချက်အပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကို စစ်ကောင်စီက လိုက်နာဖို့ တာဝန်ရှိတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ရေရှည်မှာ အားလုံးပါဝင်သော ဒီမိုကရေစီအုပ်ချုပ်ရေး လမ်းကြောင်းပေါ်ရောက်ရှိရေး မြန်မာနိုင်ငံကို ပံ့ ပိုးကူညီဖို့ အမေရိကန်နိုင်ငံက အာဆီယံ၊ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ ဆက်လက် လက်တွဲဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – https://www.state.gov
Ref; The Attack on AHA Centre Convoy