ဧရာဝတီတိုင်းမ်
မေလ ၉ ရက်
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီ ပေးပို့နေတဲ့ အာဆီယံအဖွဲ့ရဲ့ ယာဉ်တန်း တစ်ခုအပေါ် တိုက်ခိုက်မှုကို အင်ဒိုနီးရှားနဲ့ စင်ကာပူက ရှုတ်ချလိုက်ပါတယ်။
အာဆီယံ စာနာမှုအကူအညီပေးရေးယာဉ်တန်းမှာ ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးဝန်ထမ်းနှစ်ဉီး ပါရှိခဲ့ပေ မယ့် ဘေးအန္တရာယ်ကင်းကာ ရန်ကုန်သို့ ပြန်ရောက်ရှိနေပြီလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါ တယ်။
“လူသားချင်းစာနာမှုနဲ့ သံတမန်တွေ အကူအညီလိုအပ်သူတွေထံ လိုအပ်တဲ့အကူအညီတွေ ပေးအပ်နိုင် ရေးအတွက် သူတို့ ဘေးအန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးဖို့ အရေးကြီးပါတယ်” လို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
“ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ အကြမ်းဖက်မှုတွေကို ရှောင်ကြဉ်ကြဖို့ အဖွဲ့အစည်းအားလုံးကို စင် ကာပူက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံက အရေးပါသော သက်ဆိုင်တွေသူအားလုံးကြား အပြုသဘောဆောင် တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်မှသာ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ငြိမ်းချမ်းရေး အဖြေတစ်ခု ထောက်ကူစေ နိုင်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လိုအပ်ပုံကို ဒီသီတင်းပတ်အတွင်း ၄၂ ကြိမ်မြောက် အာ ဆီယံထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပမယ့် လာဘွမ်ဘာဂျိုမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အင်ဒို နီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ဒီတိုက်ခိုက်မှုဟာ အာဆီယံနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုချက်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ အင်အားသုံးတာ ရပ်တန့်ပါ။ ပြည်သူတွေသာ ဘေးသင့်သူတွေ ဖြစ်လာမှာဖြစ်ပြီး ဒီလိုအခြေအနေမှာ ဘယ်သူမှ အနိုင်ရရှိမှာမဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။
ဒီနှစ် အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးဖြေရှင်းဖို့ တိတ်တဆိတ် ကြိုး ပမ်းမှုတွေ ပြုလုပ်ခဲ့ပြီး သံတမန်တွေက အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု အကြိမ်ရေ ၆၀ ကျော် ပြုလုပ်ခဲ့ တယ်လို့ ဒီလအစောပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ကိုးကား – CNA
Ref; Indonesia, Singapore condemn attack on ASEAN officials during aid delivery in Myanmar