ဧရာဝတီတိုင်းမ်
မေလ ၈ ရက်
အရှေ့တောင်အာရှဒေသမှာ လူကုန်ကူးမှုမြင့်တက်နေစဉ် ဆိုက်ဘာလိမ်လည်မှုတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ သို့ လူမှောင်ခိုကူးမှုခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၀ ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးက ဒေသခံကွန်ရက်တွေနဲ့ချိတ်ဆက်ကာ မြဝတီမြို့မှ လူကုန်ကူးခံရသူတွေ လွတ်မြောက်ဖို့ လုပ်ဆောင်ကာ မေလ ၆ ရက်မှာ ထိုင်းနယ်စပ်သို့ ပို့ဆောင်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဗန်ကောက်မြို့ရှိ အင်ဒိုနီးရှားသံရုံးက လူကုန်ကူးခံရသူတွေကို အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ အနီးကပ် လက်တွဲဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ထိုင်းနယ်စပ်တစ်လျောက် ကရင်ပြည်နယ်အရှေ့ပိုင်းရှိ မြဝတီမြို့ဟာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား က ရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား လက်နက်ကိုင်ပဋိပက္ခတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပါ တယ်။
လူမှောင်ခိုကူးသူတွေက အင်ဒိုနီးရှားနိုင်ငံသားတွေကို ထိုင်းနိုင်ငံမှာ လစာကောင်းတဲ့အလုပ်တွေ လုပ်ရ မယ်လို့စည်းရုံးကာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေပြုလုပ်ဖို့ နေပြည်တော်ကနေ ၃၅၂ မိုင်အကွာမှာ တည်ရှိတဲ့ မြဝတီမြို့သို့ ရောင်းစားခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီးဖြစ်သူ နူ ဂရာဟာက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ လူကုန်ကူးခံရသူတစ်ဉီးတင်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုကြောင့် အင်ဒို နီးရှားနိုင်ငံမှာ အခြေအနေနဲ့ပတ်သက်လို့ လူထုကြား အမျက်ဒေါသထွက်စေခဲ့ပါတယ်။
အဲဒီရုပ်သံဖိုင်ထဲမှာ ဒါဇင်နဲ့ချီတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို အခန်းငယ်တစ်ခုအတွင်း ပိတ်လှောင်ထား ပြီး နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ပွဲဇုန် မြဝတီမြို့ကနေ ကယ်ထုတ်ပေးဖို့ အစိုးရကို အကူအညီတောင်းခံ ထားတာ ပြသနေပါတယ်။
မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်အရ ရောက်ရှိလာတဲ့ မှတ်တမ်းတွေကို မတွေ့ရှိတာကြောင့် လူ ကုန်ကူးခံရသူတွေကို မြန်မာနိုင်ငံသို့ တရားမဝင်နည်းလမ်းတွေနဲ့ လူကုန်ကူးခံခဲ့ရဖွယ်ရှိတယ်လို့ အာဏာပိုင်တွေ က ပြောပါတယ်။
မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ အွန်လိုင်းကနေ ငွေကြေးလိမ် လည်ဖို့ လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို ကယ်တင်ဖို့ အစိုးရက လုပ်ဆောင်နေတယ်လို့ နိုင်ငံခြား ရေးဝန်ကြီး ရတ်နိုမာဆူဒီက မေလ ၆ ရက်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ပါတယ်။
“ဒီနှစ် အာဆီယံအလှည့်ကျဥက္ကဌအနေနဲ့ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ လူမှောင်ခိုကူး မှုပြဿနာကို တင်ပြဖို့ အင်ဒိုနီးရှားနိုင်ငံက ကြိုးပမ်းနေပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Daily Mail
Ref; 20 Indonesian trafficking victims freed in Myanmar