ဧရာဝတီတိုင်းမ်
မေလ ၇ ရက်

ဧရာ၀တီတိုင်းက မြို့နယ်အချို့မှာ မေလဆန်းမှာတင် စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို အဓိကထားကာ တိုက်ခိုက်ခံမှုတွေပိုမို ဖြစ်ပွားလာပြီး လက်ရှိ မေလပထမပတ်အတွင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ ၀င် ၂ ဦးသေဆုံးခဲ့ပြီး လက်နက်တစ်လက်ရရှိခဲ့တယ်လို့ သိရပါတယ်။

“ခုလအတွင်းမှာ ဧရာ၀တီမှာပျောက်ကြားတွေရဲ့မစ်ရှင်တွေက ပိုပြီးတိကျ လာတာတွေ့ရတယ်။ စစ်ကောင်စီတပ်ကလူတွေကို ရှင်းလင်းပြီး လက်နက်တွေပါယူနိုင်လာတယ်။ စစ်ကောင်စီဘက်နဲ့ရဲတွေတောင်အရင်လို ပေါ့ပေါ့တန်တန်မနေရဲတော့ဘူး။ သတိထားနေရတဲ့အခြေအနေတွေဖြစ်လာပြီ”လို့ မြို့ပြပျောက်ကြားအဖွဲ့၀င်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဒေသခံ ပျောက်ကြားတပ်ဖွဲ့တွေဟာ မေလ ၄ရက်နေ့မှာ ဘိုကလေးမြို့နယ် ပဒဲကောကျေးရွာ ဆိပ်ကမ်းရှိ ညကင်းစခန်းကို ၀င်ရောက်ပစ်ခတ်ပြီး စစ်ကောင်စီတပ်ကြပ်ကြီး အေးမြင့်သေဆုံးကာ သူကိုင်ဆောင်တဲ့ MA3 သေနတ်နဲ့ကျည်ဆန်များကိုသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မေလ၅ရက်နေ့ညပိုင်းမှာ ဟင်္သာတမြို့ စစ်ဖက်ရေးရာလုံခြုံရေး(စ.ရ.ဖ)တပ်ဖွဲ့ တာ၀န်ခံ တပ်ကြပ်ကြီး အောင်ထိုက်ဆိုသူကို နတ်မော်လမ်းမပေါ်မှာ သေနတ်နဲ့ ၆ချက်ပစ်ခံရပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

မေလ ၆ ရက်နေ့ ညပိုင်းက ဘိုကလေးမြို့ပေါ်က မြို့မရဲစခန်းကို အမည်မသိအဖွဲ့က ၄၀ မမ ဗုံးသီးနဲ့လာရောက်ပစ်ခတ်တာကြောင့် စခန်းတွင်းကသေနတ်မာအချက်၃၀ခန့်ပြန်လည်ပစ်ခတ်ခဲ့ရတယ်လို့ သိရပါတယ်။

မေလ ၇ ရက်နေ့ မှာတော့ ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှုးရုံးအတွင်းမှာ ဗုံး ၃လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး မြို့နယ်မှူးဆိုသူ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဧရာ၀တီတိုင်းအတွင်းကမြို့နယ်တွေမှာလဲမေလအစပိုင်းမှာ ညစဥ် ဧည့်စာရင် မှုတွေပြုလုပ်ပေမယ့် ယခု တို်ခိုက်ခံရမှုတွေပိုမို များလာပြီးနောက်ပိုင်းယခင်က စစ်ကောင်စီတပ်နဲ့ ရဲ အင်အားအနည်းငယ်သာ အသုံးပြုခဲ့ပေမယ့် ယခု အင်အား ပိုများပြီး ပြည့်သူစစ်ဆိုသူတွေပါ၀င်လာပြီး စစ်ဆေးမှုတွေပို စိတ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ (၁)- မေလ ၄ ရက်နေ့က ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးအား သေနတ်နဲ့ပစ်ခတ်ကာ ​မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ သိမ်းဆည်းရရှိခဲ့သည့် သေနတ်အား မြင်တွေ့ရစဥ်။
ဓာတ်ပုံ (၂) – မေလ ၇ ရက်နေ့ မနက်ပိုင်းတွင် ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် မြင်တွေ့ရစဥ်။
#ဧရာဝတီတိုင်း #မေလ #ပထမပတ် #စစ်ကောင်စီ #တိုက်ခိုက်ခံရမှု
#Ayeyarwaddy_Times