ဧရာဝတီတိုင်းမ်
မေလ ၆ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ မေလ ၆ ရက်နေ့ ညပိုင်းက ရဲစခန်းကို အမည်မသိလက်နက်ကိုင် အဖွဲ့က လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်ပိုင်း စခန်းထဲကနေ သေနတ်နဲ့ အချက် ၃၀ လောက်လိုက်လံပစ်ခတ်သံတွေလည်း ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” လက်နက်ကြီးသံအရင်ကြားရတာ၊ အသံကတော်တော်ကျယ်တယ်။ ပြီးမှ စခန်းထဲကနေ သေနတ်နဲ့ ဆက်တိုက်ပစ်သံကြားရတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကိုတော့ အတည်ကျမသိရသေးပါဘူး။

ဘိုကလေးမြို့နယ်ထဲမှာ မေလ ၄ ရက်နေ့ စစ်ကောင်စီတပ်စခန်းငယ်တစ်ခု ပစ်ခတ်ခံရပြီး တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးသေဆုံးခဲ့သေးတယ်လို့ မြို့ခံတွေကပြောပါတယ်။

#ဘိုကလေးရဲစခန်း #လက်နက်ကြီးနဲ့ပစ်ခတ်ခံရ #Ayeyarwaddy_Times