ဧရာဝတီတိုင်းမ်
မေလ ၆ ရက်
အကြမ်းဖက်မှုတွေ အရှိန်မြှင့်လာတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်စတင်ဖို့ ကြိုးပမ်းမှုတစ်ရပ် အဖြစ် NUG၊ စစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လျှို့ဝှက် ထိတွေ့ဆက်ဆံနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားလိုက်ပါတယ်။
အာဆီယံဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့ ကန့်လန့်ကာနောက် ကွယ်မှာ လုပ်ဆောင်နေတယ်လို့ ရတ်နိုမာဆူဒီက ပြောကြားပြီး မြန်မာ့အရေးမှာ အရေးပါသူတွေ တွေ့ဆုံဆွေး နွေးဖို့ လုပ်ဆောင်နေတာကို ပထမဆုံးအကြိမ် ဝန်ခံလိုက်ပါတယ်။
မြန်မာ့အရေး မတူညီတဲ့ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးတာတွေနဲ့ပတ်သက်လို့ ရတ်နိုမာဆူဒီက အသေး စိတ်ပြောပြဖို့ ငြင်းဆန်ခဲ့ပေမယ့် အင်ဒိုနီးရှားသံတမန်တွေဟာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံမှု အကြိမ် ၆၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူခဲ့တဲ့ ဘုံသဘောတူ ညီချက် ၅ ရပ် ဖော်ဆောင်မှုနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့က စစ်ကောင်စီအပေါ် အားမလိုအားမရဖြစ်နေစဉ် သူက အခုလို ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။
“ဘုံသဘောတူညီချက် ၅ ရပ်က အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်အရ ကျွန်မတို့ စစ်ကောင်စီ၊ NUG၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံခဲ့ပါတယ်။ ဖြစ်နိုင်သမျှ အားလုံးပါဝင်နိုင်အောင် ကျွန်မတို့ ကြိုးစား ခဲ့ပါတယ်” လို့ ရတ်နိုမာဆူဒီက ပြောပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့ အာဆီယံဥက္ကဌနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG ပြော ရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
“သက်ဆိုင်သူတွေကြား သဘောထားကွဲလွဲမှု ကျဉ်းမြောင်းပေးတဲ့ အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ဖို့ အင် ဒိုနီးရှားနိုင်ငံက ဆက်လက် ကြိုးပမ်းနေပါတယ်” လို့ ရတ်နိုမာဆူဒီက ပြောပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာ၊ အတိုက်အခံတွေအပေါ် စစ်တပ်ရဲ့ ဆက်လက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ သည်းမခံနိုင်တော့တဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ အင်ဒိုနီးရှားနိုင်ငံ မှာ လာမယ့်အပတ်အတွင်းပြုလုပ်မယ့် အစည်းအဝေးမတိုင်မီ ရတ်နိုမာဆူဒီက အခုလိုပြောကြားခဲ့တာပါ။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်တာ တိုးတက်မှုမပြသနိုင်သရွေ့ အာဆီယံအဖွဲ့က မြန် မာစစ်ဗိုလ်ချုပ်ကြီးတွေကို ဒေသတွင်း အဆင့်မြင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ တိတ်တဆိတ် သံခင်းတမန်ခင်း ကြိုးပမ်းမှုနဲ့အတူ မြန်မာ၊ အိန္ဒိယနဲ့ တရုတ် အပါအ ဝင် အိမ်နီးချင်းတိုင်းပြည်တွေက ကိုယ်စားလှယ်တွေဟာ မြန်မာ့အရေးဖြေရှင်းဖို့ လျှို့ဝှက် ကြိုးပမ်းမှုတစ်ခုအဖြစ် ပြီးခဲ့တဲ့လနှောင်းပိုင်းက နယူးဒေလီမြို့တော်မှာ Track 1.5 လို့ခေါ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Indonesia quietly engaging key stakeholders in Myanmar crisis, says foreign minister