ဧရာဝတီတိုင်းမ်
မေလ ၅ ရက်
ဒဏ်ခတ်အရေးယူမှုတွေခံနေရတဲ့ မြန်မာနိုင်ငံရှိဆိပ်ကမ်းကို ဒေါ်လာ သန်း ၃၀ နဲ့ ရောင်းချလိုက်ပြီလို့ အိန္ဒိယနိုင်ငံရဲ့ Adani Ports and Special Economic Zone Ltd က ပြောကြားလိုက်ရာ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံ ခဲ့တဲ့ ပမာဏထက် သိသိသာသာ လျော့နည်းနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူထုဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေ ကြောင့် နိုင်ငံတကာနဲ့ အမေရိကန်နိုင်ငံက စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ရာ အဆိုပါဆိပ် ကမ်းကို ရောင်းချမယ်လို့ Adani Group က ၂၀၂၂ ခုနှစ် မေလအတွင်း ကြေညာခဲ့ပါတယ်။
ရန်ကုန်မြို့တော်ရှိ ဆိပ်ကမ်းစီမံကိန်းပြီးစီးဖို့ အပါအဝင် စိန်ခေါ်မှုတွေကြောင့် ဆိပ်ကမ်းရောင်းချမယ့် သဘောတူညီချက်က ကြန့်ကြာခဲ့ပါတယ်။
၂၀၂၂ ခုနှစ် မတ်လနဲ့ဇွန်လကြား မြန်မာစီမံကိန်းမှထွက်ခွာဖို့ Adani Group က ရည်ရွယ်ခဲ့ပေမယ့် စီမံ ကိန်းပြီးစီးဖို့ ကြန့်ကြာမှုတွေကြောင့် ဝယ်ယူမယ့် Solar Energy Ltd နဲ့ ဈေးနှုန်းကို ပြန်လည်ဆွေးနွေးခဲ့ရပြီး အပြီးသတ်မှာ ဒေါ်လာ သန်း ၃၀ နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။
Adani Group ဟာ မြေငှားခအတွက် ဒေါ်လာ သန်း ၉၀ အပါအဝင် ရန်ကုန်မြို့တော်ရှိ ဆိပ်ကမ်းတည် ဆောက်ရေးစီမံကိန်းမှာ ဒေါ်လာ ၁၂၇ သန်း ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပါတယ်။
အခုချိန်ထိ လုပ်ငန်းမလည်ပတ်ရသေးတဲ့ အဆိုပါစီမံကိန်းမှာ Adani Group က ဒေါ်လာ ၁၉၅ သန်း ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
မြန်မာနိုင်ငံရှိဆိပ်ကမ်းကို ဒေါ်လာ သန်း ၃၀ နဲ့ရောင်းချမယ်လို့ ကြေညာပြီးနောက် Adani Ports ရဲ့ အစုရှယ်ယာတွေက ၁ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။
ကိုးကား – Business Standard
Ref; Adani Ports completes sale of Myanmar port for a discounted $30 million