
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်
ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထားတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုမှာ စစ်ကောင် စီက ကန့်ကွက်ထားတာနဲ့ ပတ်သက်လို့ တရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို ဇူလိုင်လ ၂၂ ရက်နေ့မှာ ချမှတ်သွား မယ်လို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ဇူလိုင် ၁၁ ရက်မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
ICJ မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုမှုကို NLD အစိုးရလက်ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ တရားရင်ဆိုင်ခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီဝန်ကြီး ကိုကိုလှိုင် ဦး ဆောင်တဲ့အဖွဲ့က ရင်ဆိုင်လျက်ရှိပါတယ်။
ဂမ်ဘီယာနိုင်ငံကလည်း ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ တိုက်ရိုက်နစ်နာတဲ့နိုင်ငံမဟုတ်ပေမဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုလို ရာဇဝတ်မှုကြီးအတွက် နိုင်ငံတကာက ကာကွယ်ပေးရမယ့် တာဝန်အရ တရားစွဲခွင့်ရှိကြောင်း လျှောက်လဲခဲ့ပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က Peace Palace လို့ခေါ်တဲ့ ICJ တရားရုံးမှာ ဇူလိုင်လ ၂၂ ရက် သော ကြာနေ့ ညနေ ၃ နာရီမှာ ကြားနာမှု စတင်မှာဖြစ်ပြီး တရားသူကြီး Joan Donoghue က ICJ ရဲ့ ဆုံးဖြတ်ချက်ကို ဖတ်ကြားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ချက်ကြောင့် အဲဒီနေ့မှာ နှစ်ဖက်ကိုယ်စားလှယ်တွေနဲ့ တရားသူကြီး တွေ၊ ရုံးအဖွဲ့ဝင်တွေနဲ့ ခွင့်ပြုထားတဲ့ သတင်းမီဒီယာတချို့ပဲ တက်ရောက်ခွင့်ရှိမှာဖြစ်ပြီး အများပြည်သူ တက် ရောက်နားထောင်ခွင့် ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။
သံတမန်တွေနဲ့ အများပြည်သူအတွက် တရားရုံးတွင်းဆောင်ရွက်ချက်တွေကို ICJ ဝက်ဘ်ဆိုက်၊ UN Web TV နဲ့ UN Online TV ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးမယ်လို့ သိရပါတယ်။
ကိုးကား – ICJ