ဧရာဝတီတိုင်းမ်
ဧပြီလ ၂၉ ရက်
အာဆီယံ အလှည့်ကျဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးရဲ့ အမြင်တွေ၊ ရပ်တည်ချက်တွေ ကွာဟမှုတွေ ကျဉ်းမြောင်းစေမယ့် ကြိုးပမ်းမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။
“သက်ဆိုင်သူတွေရဲ့ အမြင်တွေကို နားထောင်ဖို့နဲ့ ရပ်တည်ချက်ကွဲလွဲမှုတွေ ကျဉ်းမြောင်းစေရေး ကြိုး ပမ်းဖို့ အာဆီယံဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက နည်းလမ်းနှစ်သွယ်နဲ့ ထိတွေ့ဆက်ဆံဖို့ လမ်းဖွင့်ထားပါတယ်” လို့ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ လုပ်ဆောင်ချက်ကို မေးမြန်းရာမှာ ရတ်နို မာဆူဒီက အခုလို ပြောကြားခဲ့ပါတယ်။
မနေ့က ဂျကာတာမြို့တော်ရှိ သမ္မတနန်းတော်မှာ အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုတွေ ဆွေးနွေးဖို့ သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံပြီးနောက် ရတ်နိုမာဆူဒီက အခုလိုပြောကြားခဲ့ပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ မလွယ်ကူပေမယ့် အာဆီယံဥက္ကဌအနေနဲ့ ထိတွေ့ဆက်ဆံဖို့ ဆက်လက်ကြိုးပမ်း မယ်လို့ သူက ဆိုပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ကြိုးပမ်းမှုတွေထဲမှာ မြန်မာစစ်တပ်၊ NUG အပြင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့လည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။
ယခင်ထိပ်သီးဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ ဆုံးဖြတ်ချက်အရ ၂၀၂၃ ခုနှစ် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန် မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားမပြုသူတစ်ဉီး ဖိတ်ကြားမယ်လို့ ရတ်နိုမာဆူဒီက အတည်ပြုပါတယ်။
အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဆောင် ရေးကို ဆွေးနွေးကာ ခေါင်းဆောင်တွေက ဘုံသဘောတူညီချက်ကို ပြန်လည်သုံးသပ်မယ်လို့ သူက ဆိုပါတယ်။
ဒီနှစ်အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးကို ဆွေးနွေးမှာဖြစ်ပေမယ့် အာဆီယံအသိုင်းအဝိုင်း ဖွံ့ ဖြိုးတိုးတက်မှု အရှိန်အဟုန်ရစေဖို့ အာဆီယံဉီးစားပေးမှုကို ဆက်လက်ထိန်းသိမ်းမယ်လို့ ရတ်နိုမာဆူဒီက ပြောပါ တယ်။
ကိုးကား – Antara News
Ref; Continuing to bridge differences in Myanmar as ASEAN chair: govt