ဧရာဝတီတိုင်းမ်
ဧပြီလ ၂၈ ရက်
မြန်မာနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဂျပန်သတင်းထောက်တစ်ဉီး ပိုင်ဆိုင်တယ်လို့ယူဆရတဲ့ ဗွီဒီယိုကင်မ ရာတစ်လုံးကို မိသားစုထံ ပြန်ပေးလိုက်ပြီလို့ သိရပါတယ်။
ဂျပန်သတင်းထောက် နာဂိုင်းကင်ဂျီဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး လူထုသပိတ်ကို သတင်း ယူနေစဉ် ရန်ကုန်မြို့မှာ ပစ်သတ်ခံခဲ့ရတာပါ။ သူ့ရဲ့ကင်မရာက အဲဒီအချိန်ကတည်းက ပျောက်ဆုံးခဲ့တာဖြစ်ပေ မယ့် ဧပြီလ ၂၆ ရက်က ဗန်ကောက်မြို့မှာ သူ့ရဲ့ညီမဖြစ်သူထံ ပြန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ DVB က ကင်ဂျီရဲ့အစ်မထံ ကင်မရာကို ပြန်ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ ကင်မရာကို ရရှိခဲ့တာလို့ DVB သတင်းဌာနက ဆိုပေမယ့် ဘယ်လိုရရှိခဲ့တာဆို တာတော့ မပြောကြားခဲ့ပါဘူး။
ကင်မရာထဲကရရှိခဲ့တဲ့ ဓာတ်ပုံတွေအရ ရန်ကုန်မြို့မှာ ကင်ဂျီ ပစ်သတ်မခံရမီ သူရဲ့လှုပ်ရှားမှုတွေကို တွေ့ ရပါတယ်။ ဆန္ဒပြသူတွေကို လူစုခွဲဖို့ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့တပ်ဖွဲ့တွေ ဆန္ဒပြပွဲသို့ ရောက်ရှိလာပုံ ကို ပုံတွေထဲမှာ တွေ့ရပါတယ်။
အချိန်ကြာမြင့်ခဲ့တာကြောင့် ကင်မရာပြန်လည်ရရှိဖို့ လက်လျှော့လုနီးပါး ဖြစ်ခဲ့ရတယ်လို့ ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာတဲ့ ကင်ဂျီရဲ့ညီမဖြစ်သူက ပြောပါတယ်။
“ကျွန်မအစ်ကိုရဲ့ နောက်ဆုံးအချိန်ကို မြင်တွေ့ရတဲ့ ကင်မရာကို ပြန်လည်ရရှိလို့ ကျွန်မ စိတ်သက်သာရာ ရ ပါပြီ။ တစ်ချိန်တည်းမှာဘဲ သူသတ်ဖြတ်ခံရတာကို တွေးမိတိုင်း ကျွန်မ စိတ်မကောင်းဖြစ်ရပါတယ်” လို့ သူက ဆိုပါတယ်။
ကင်ဂျီရဲ့ရုပ်သံဖိုင်ကြောင့် မြန်မာနိုင်ငံက အခြေအနေတွေကို လူတွေက ပိုသတိထားမိလာဖို့ မျှော်လင့် တယ်လို့ သူက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်ခဲ့တာဆိုတာ ကျွန်မတို့ မေ့ပစ်ချင်ကြပါတယ်။ ဒါပေမယ့် ဒီရုပ်သံဖိုင် ကြောင့် လူတွေက မြန်မာ့အရေးကို တစ်ဖန် စိတ်ဝင်စားလာပြီး မြန်မာပြည်သူတွေကို ကိုယ်ချင်းစာလာဖို့ ကျွန်မ မျှော်လင့်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ဗွီဒီယိုကင်မရာဟာ သူ့အစ်ကိုဖြစ်သူရဲ့ကင်မရာ ဟုတ် မဟုတ် အတည်ပြုရေး စစ်ဆေးဖို့ ရဲတပ်ဖွဲ့နဲ့ ကျွမ်း ကျင်သူတွေကို အကူအညီတောင်းမယ်လို့ သူက ဆိုပါတယ်။
ကိုးကား – NHK
Ref; Video camera reappears years after Japanese journalist slain in Myanmar