ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ (Myaung Education Network) မှ ဖွင့်လှစ်ထားသည့် MEDUS-24 အထက်တန်းကျောင်းတွင် ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ ဝါဆိုလပြည့်နေ့ သင်္ကန်းကပ်လှူပွဲ အခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း မြောင်ပညာရေးကွန်ယက်ထံကသိရသည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပခြင်းသည် ကလေးများကို ဘာသာရေးအဆုံးအမများနှင့် ထိတွေ့ပေးခြင်း၊ မိမိကိုယ်ကို တာဝန်ယူတတ်စေရန်နှင့် အဖွဲ့အစည်းနှင့် စနစ်တကျ လုပ်ကိုင်တတ်စေခြင်း၊ကောင်းမွန်သော အလေ့အကျင့်များအား ပြုစုပျိုးထောင်ပေးခြင်းတို့ ဖြစ်ပါတယ် လို မြောင်ပညာရေးကွန်က ဆ်ိုသည်။

ဓာတ်ပုံ-မြောင်ပညာရေးကွန်ရက်