
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်
အီရန်နိုင်ငံက ယူကရိန်းမှာ အသုံးပြုမယ့် ရာနဲ့ချီတဲ့မောင်းသူမဲ့လေယာဉ်တွေ ရုရှားကို ထောက်ပံ့တော့ မယ်လို့ အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။ အီရန်အစိုးရက လက်နက်တပ်ဆင်နိုင်တဲ့ ဒရုန်းတွေအပါအဝင် မောင်းသူမဲ့လေယာဉ်တွေ ရုရှားကို ထောက်ပံ့ဖို့ပြင်ဆင်နေတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ပြောပါတယ်။
အီရန်က ရုရှားတပ်ဖွဲ့တွေကို ဒရုန်းမောင်းနှင်ရေး သင်တန်းပေးဖို့ စတင်ပြင်ဆင်နေတယ်ဆိုတဲ့သတင်း တွေ အမေရိကန်နိုင်ငံက ရထားတယ်လို့ သူက ဆိုပါတယ်။ မကြာသေးမီ သီတင်းပတ်တွေအတွင်း ယူကရိန်းအပေါ် ရုရှားရဲ့တိုက် ခိုက်မှုတွေက လက်နက်တွေလျော့ နည်းလာစေတယ်ဆိုတာ ဒီအစဉ်အစဉ်တွေက သက်သေပဲလို့ ၄င်းက ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေက ဒုံးကျည်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် အရပ်သားသေဆုံးမှုတွေ ပိုရှိလာခဲ့ပါတယ်။ ချာဆစ်ယာမြို့က လူနေတိုက်ခန်းတွဲတစ်ခုကို ရုရှားတို့က ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့လို့ လူ ၃၁ ဦး သေဆုံးခဲ့ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ခါကတ်မြို့နေ ပြည်သူတွေကလည်း ဗုံးကြဲခံနေရပါတယ်။ ရန်သူ တပ်ဖွဲ့တွေက အရပ်ဘက်ပစ်မှတ်တွေကိုသာ ပစ်ခတ်နေတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
ယူကရိန်းပဋိပက္ခကြောင့် တိုင်းပြည်ရဲ့ပြောင်းဆန်တင်ပို့မှုကို ထိခိုက်ခဲ့ရပြီး ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်း တွေ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။တူရကီသမ္မတ အာဒိုဂန်က အကျပ်အတည်းဖြေရှင်းဖို့ ကြိုးပမ်းနေပြီး ပင်လယ်နက်မှတစ်ဆင့် စင်္ကြံတစ်ခု ဖောက်လုပ်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖုန်းကတစ်ဆင့် ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; US: Iran to send armed drones to Russia