
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးမယ်လို့ အမေရိကန်နိုင်ငံ က ကတိပြုတဲ့အတွက် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီကနေ့ မော်စကိုမြို့တော်ကို ရောက်ရှိ လာခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။
မင်းအောင်လှိုင်က ပုဂ္ဂလိကခရီးစဉ်တစ်ခုအနေနဲ့ မော်စကိုမြို့တော်ကို ရောက်ရှိနေတယ်လို့ ရန်ကုန်မြို့ရှိ ရုရှားသံရုံးက အင်တားဖတ်သတင်းဌာနကို ပြောကြားပါတယ်။ မင်းအောင်လှိုင်ဟာ ခရီးစဉ်အတွင်း မော်စကိုမြို့တော်ရှိ အာကာသနဲ့ နျူကလီးယားအေဂျင်စီတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံစဉ် မြန်မာ အာ ဏာသိမ်းစစ်အုပ်စုကို ဖိအားပေးမှုတိုးမြှင့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြော ကြားခဲ့ပြီး နှစ်ရက်အကြာမှာ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ကို ကြေညာခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုဟာ ထောင်နဲ့ချီတဲ့ ဒီမိုကရေစီလိုလား တဲ့ ဆန္ဒပြသူတွေကို ထိန်းသိမ်းခဲ့ပါတယ်။
ကိုးကား – The Moscow Times
Ref; Myanmar Junta Chief Visits Moscow