
ဓာတ်ပုံ-အသုတ်မြို့ အ.ထ.က ကျောင်းအုပ် ဒေါ်နီနီဖြိုး (ယခင်ပုံဟောင်း)
ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်\
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့အထက် တန်းကျောင်းတွင် ကျောင်းမတက်ရောက်ဘဲ CDM ပြု လုပ်နေသည့် ကျောင်းသားများစာရင်းကို ဇူလိုင်လ ၁၀ ရက်မှစ၍ ကျောင်းအုပ်ဆရာမဦးဆောင်ပြီးစာရင်းကောက်နေကြောင်း ဒေသခံများထံကသိရသည်။
ကျောင်းအုပ်ဆရာမ ဒေါ်နီနီဖြိုး ဦးဆောင်ကာ စစ်တပ်လုံခြုံရေးဖြင့် CDM ပြုလုပ်သည့်ကျောင်းသားများကို စာရင်းပြုစုပြီး ကျောင်းသားမိဘများကိုခေါ်ယူဖိအားပေးနေသည်ဟုဆိုသည်။
” ၁၀ ရက်နေ့လောက်က စပြီး စာရင်းကောက်တာ။ အာ ဏာမသိမ်းခင်က ကျောင်းသားတွေပါစာရင်းရောကောက်နေတာ။ ကျောင်းမတက်တဲ့ ကျောင်းသားတိုင်းရဲ့မိဘတွေကိုခေါ်တွေ့တာဗျ။ ဘာလို့မတက်တာလဲ ၊ ဘယ်သွားတာလဲပေါ့။ တချို့လည်းအကြောင်းကြောင်းကြောင့်မတက်နိုင်ကြတာတွေရှိတယ်။ ကျောင်းသားစာရင်းထဲရှိသမျှအကုန်လိုက်ကောက်နေတာ ” လို့ အသုတ်မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဇူလိုင်လ ၆ ရက်နေ့က ကျောင်းဆင်းချိန်တွင် Grade – 6 ကျောင်းသားတဦးကို စစ်ကျွန်ပညာရေးစာသားပါစာများရေးသားဖြန့်ဝေသည်ဟုဆိုကာ စစ်ကောင်စီက စွပ်စွဲဖမ်း ဆီးကာစစ်ဆေးခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ထို့ပြင် အသုတ်မြို့ အထက်တန်းကျောင်းတွင် ကျောင်း အုပ်ဆရာမ ဦးဆောင်မှုဖြင့် ရဲနှင့်စစ်ကောင်စီ တပ်သားများက လုံခြုံရေးအပြည့် နေရာယူထားပေးရကြောင်း ဒေသခံများကပြောသည်။