ဧရာဝတီတိုင်းမ်
ဧပြီလ ၂၁ ရက်
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ဖို့ကိစ္စ တွေကို ဗြိတိန်လွှတ်တော်မှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဗြိတိန်အမတ် ရတ်ရှနာရာက မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ရာမှာ အကောင် အထည်ဖော်ဆောင်မှု နှေးကွေးနေမှုကို ဖြေရှင်းဖို့ နိုင်ငံခြားရေး၊ ဓနသဟာရနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးကို မေး မြန်းခဲ့ပါတယ်။
မြန်မာစစ်ကောင်စီကို ဒဏ်ခတ်အရေးယူတဲ့ မူဝါဒဖော်ဆောင်ဖို့ နိုင်ငံခြားရေး၊ ဓနသဟာရနှင့် ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာနမှာ ဝန်ထမ်းအင်အား အလုံအလောက်ရှိ မရှိလည်း သူမက မေးမြန်းခဲ့ပါတယ်။
မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းကို ဒဏ်ခတ်အရေးယူဖို့၊ မြန်မာ့ဓာတ်ငွေ့လုပ်ငန်းနဲ့ ဗြိတိန်ကုမ္ပဏီတွေ ထိတွေ့ဆက်ဆံတာ၊ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်ဖို့ ရတ်ရှနာရာက ဗြိတိန်အစိုးရကို တောင်းဆိုပါ တယ်။
သတ္ထုတူးဖော်ရေးကုမ္ပဏီတွေနဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို ဒဏ်ခတ်အရေးယူဖို့၊ မြန်မာစစ် ကောင်စီကို စစ်လက်နက်တွေထောက်ပံ့နေတဲ့ ရုရှား၊ တရုတ်၊ ပါကစ္စတန်နဲ့ အိန္ဒိယကုမ္ပဏီတွေကို အရေးယူဖို့ ရတ်ရှနာရာက ဗြိတိန်အစိုးရကို တိုက်တွန်းပါတယ်။
ကနေဒါနိုင်ငံက ဒဏ်ခတ်အရေးယူသလိုမျိုး မြန်မာစစ်ကောင်စီထံ လေယာဉ်ဆီနဲ့ စစ်လက်နက်ရောင်းချ မှုအပေါ် တင်းကျပ်တာတွေလုပ်ဆောင်ဖို့ ဗြိတိန်လွှတ်တော်အမတ် အေနန်ကွိုင်ဆာက ဗြိတိန်အစိုးရကို တောင်း ဆိုလိုက်ပါတယ်။
ကိုးကား – https://www.europeansanctions.com
Ref; UK Parliament debates sanctions in relation to the sentencing of Vladimir Kara-Murza & Myanmar human rights