ဧရာဝတီတိုင်းမ်
ဧပြီလ ၂၀ ရက်
မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရာမှာ အာမခံပေးတာ ရပ်တန့်ဖို့ ဗြိတိန် အာမခံကုမ္ပဏီငါးခုကို Burma Campaign UK က ယနေ့ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့တဲ့ သင်္ဘောတွေအတွက် ဗြိတိန် အာမခံကုမ္ပဏီငါးခုက အာမခံဝန် ဆောင်မှု ဆောင်ရွက်ပေးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ထုတ် ထားပါတယ်။
“မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရာမှာ ပါဝင်တဲ့ဘယ်ကုမ္ပဏီမဆို အရပ်သားတွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ ပါဝင်ကျူးလွန်တာဖြစ်ပါတယ်။ အာမခံပေးတာမရှိရင် သင်္ဘောတွေက လေယာဉ်ဆီ မတင်ပို့နိုင်ပါဘူး” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး မတ်ခ်ဖာမန်နာက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ဟာ တိုင်းပြည်ကိုထိန်းချုပ်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို အသုံးပြုခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ ကျန်းမာရေးဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ စစ်ရှောင်စခန်းတွေ အပါအဝင် အရပ်သားပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင် လာပါတယ်။
မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရာမှာပါဝင်တဲ့ ဗြိတိန်ကုမ္ပဏီတွေကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ ဗြိတိန်အစိုးရက ပျက်ကွက်ခဲ့တယ်လို့ Burma Campaign UK က ပြောပါတယ်။
မြန်မာစစ်တပ်ထံ လေယာဉ်ဆီရောင်းချတဲ့ မြန်မာကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကိုတော့ ဗြိတိန်အစိုးရက ဒဏ်ခတ်အရေးယူခဲ့ပါတယ်။
“ဗြိတိန်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့တဲ့ သင်္ဘောတွေအတွက် အာမခံဝန်ဆောင်မှု မလုပ်တော့ပါဘူးဆိုတဲ့ လူသိရှင်ကြား ကတိပြုရမှာဖြစ်ပါတယ်” လို့ မတ်ခ်ဖာမန်နာက ဆိုပါတယ်။
ကိုးကား – Burma Campaign UK
Ref; British Companies: Stop Insuring Aviation Fuel Deliveries to Burma