ဧရာဝတီတိုင်းမ်
ဧပြီလ ၁၇ ရက်

မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေရှိလင့်ကစား တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ က ဒီနေ့ အရှေ့ပင်လယ် နိုင်ငံတကာရေပိုင်နက်အတွင်း ဒုံးကျည်ကာကွယ်ရေး လေ့ကျင့်မှုတစ်ခု စတင်လိုက်တယ် လို့ တောင်ကိုရီးယားရေတပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်လုံး ပစ်ခတ်တာမျိုးလို့ မြောက်ကိုရီးယား နိုင်ငံရဲ့ ရန်စတဲ့လုပ်ရပ်တွေကြောင့် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က လုံခြုံရေးဆိုင်ရာ ညှိနှိုင်းဆောင် ရွက်မှု တိုးမြှင့်နေပါတယ်။

ဒုံးကျည်ကာကွယ်ရေး လေ့ကျင့်မှုမှာ တောင်ကိုရီးယားရေတပ်ရဲ့ ROKS Yulgok Yi L၊ အမေရိကန်ရေ တပ်ရဲ့ USS Benfold နဲ့ ဂျပန်နိုင်ငံရဲ့ JS Atago ဖျက်သင်္ဘောတွေ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း ကွန်ပြူတာနဲ့ထိန်းချုပ်တဲ့ ပဲ့ထိန်းဒုံးကျည်ပစ်မှတ်တွေကို ခြေရာခံတာနဲ့ အ ချက်အလက်တွေ မျှဝေတာလည်း ပါဝင်ပါတယ်။

“မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကြောင့် ဒီစစ်ရေးလေ့ကျင့်မှုဟာ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်ကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ သုံးနိုင်ငံရေတပ်ဖွဲ့တွေ ရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုတွေကို တုံ့ပြန်ဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်” လို့ ရေတပ် တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

အဆိုပါသုံးနိုင်ငံဟာ ဖေဖော်ဝါရီလအတွင်း အလားတူ ဒုံးကျည်ကာကွယ်ရေးလေ့ကျင့်မှုကို နောက်ဆုံးအ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကိုတန်ပြန်ဖို့ ဒုံးကျည်ကာကွယ်ရေးနဲ့ ရေငုပ်သင်္ဘောဖျက်လေ့ ကျင့်မှုတွေ ပုံမှန်ပြုလုပ်ဖို့ သုံးနိုင်ငံ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက သဘောတူခဲ့ပါတယ်။

ကိုးကား – Yonhap
Ref; S. Korea, U.S., Japan hold missile defense drills in East Sea amid N. Korean threats