ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်အဝင် ခလရ ၂၁ တပ်နဲ့ အမှတ် ၇ စစ်ပညာရေးကျောင်း (ပညရ ၇)တပ်တို့ ဇူလိုင်လ ၁၁ ရက် မနေ့က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး၊ ရွှေလမ်းကြီးပေါ်က ခလရ ၂၁ တပ်နဲ့တပ်ဂိတ်ကို မနေ့နေ့လည် ၁ နာရီဝန်း ကျင်မှာ လက်နက်ကြီးကျည် ၆ လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မနေ့ည၈ နာရီဝန်းကျင်မှာ ရွက်လှမြိုင်ရပ်ကွက် မှာရှိတဲ့ ပညရ ၇ တပ်ကိုလည်း လက်နက်ကြီးကျည် ၂ လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
”မနေ့နေ့လည်က ၂၁ တပ်ထဲနဲ့ဂိတ်ဘန်ကာကို လက်နက် ကြီး ၆ လုံးလောက်ကျတယ်။ အဲ့နားမှာက GE ဂိတ်နဲ့ ၂၁ ဂိတ် ဆက်တိုက်ရှိတယ်၊ အဲ့ရှေ့မှာတိုက်/စည်းတပ် ထိ ခိုက်မှုတချို့ရှိတယ်လို့ပြောတယ်။ ညက ကျတော့ ပညရ ၇ တပ်ထပ်အပစ်ခံရတယ်၊ ၂ လုံးကွဲတယ်”လို့ မြစ်ကြီးနားမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေမသိရသေးဘဲ ဘယ်အဖွဲ့က ပစ် ခတ်တယ်ဆိုတာအတည်မပြုနိုင်သလို ထုတ်ပြန်ထားတာလည်းမတွေ့ရသေးပါဘူး။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိနေရာက စစ်တပ်တွေတိုက်ခိုက်ခံခဲ့ရလို့ ဒီကနေ့မနက်ပိုင်းမှာတော့လုံခြုံ ရေးတိုးမြှင့်ပြီး စစ်ဆေးတာတွေ တင်းကျပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။