ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခမရ ၁၀၂ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး CDM ပြုလုပ်အလင်းဝင်ရောက် လာပါတယ်။

အဲ့ဒီ စစ်သားတွေက KNU တပ်မဟာ ၆ နယ်မြေ ဝေါလေဒေသ ဥကရစ်ထစခန်းကို စစ်ကူပေး၊ စစ်ကြောင်းထိုးဝင်ရောက် လာရာကနေ ဇူလိုင် ၁၀ ရက် မနေ့ညပိုင်းက KNU ဆီကို CDM ပြုလုပ်လာတာဖြစ်ပါတယ်။ အဲ့ဒီ စစ်ကောင်စီတပ်သားတွေက လက်ရှိစစ်ကောင်စီလက်အောက်ခံတပ်သားတွေကို CDM မှာပါဝင်ဖို့ဖိတ်ခေါ်ထားပါတယ်။