ဧရာဝတီတိုင်းမ်
ဧပြီလ ၁၂ ရက်

စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက အာဏာရှင်တော်လှန်ရေးသမား ၃ ဉီးကို အဓမ္မ နေရပ်ပြန်လည်ပို့ ဆောင်ခဲ့တဲ့ ထိုင်းအစိုးရကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေက ဝေဖန်နေကြပါတယ်။

စစ်ကောင်စီကို တွန်းလှန်တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်အနေနဲ့ နေရပ်ပြန်လည်ပို့ဆောင်ခံရတဲ့ သုံးဉီး ဟာ အန္တရာယ်တွေ ရင်ဆိုင်ရနိုင်လို့ အခုလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ ထိုင်းနိုင်ငံရဲ့မူဝါဒကို ချိုးဖောက်မှုဖြစ်တယ်လို့ ဗန်ကောက်မြို့တော်အခြေစိုက် People’s Empowerment Foundation က ပြောပါ တယ်။

“မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ယာယီ ကာကွယ် ပေးမှု ပြုလုပ်သင့်ပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရင်ဆိုင်ရနိုင်တာကြောင့် ဘယ်သူ့ကိုမှ အဓမ္မ နေရပ်ပြန်မပို့သင့်ပါဘူး” လို့ လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ပြောပါတယ်။

အဆိုပါပုဂ္ဂိုလ်သုံးဉီးဟာ Lion Battalion အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ဒဏ်ရာရရှိသူတစ်ဉီးကို ဆေးကုသပေးဖို့ ပြီးခဲ့တဲ့လအတွင်း ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခဲ့စဉ် ဖမ်းဆီးခံခဲ့ရတာလို့ မြန်မာမီဒီယာတွေက ဖော်ပြပါတယ်။

အဆိုပါပုဂ္ဂိုလ်သုံးဉီးကို နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ကာ စက်လှေတစ်စင်းနဲ့ ပို့ဆောင်စဉ် ထွက်ပြေးဖို့ ကြိုးပမ်းတာကြောင့် နယ်ခြားစောင့်တပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ကာ ဖမ်းဆီးခဲ့တယ်လို့ မီဒီယာသ တင်းတွေက ဆိုပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့က ၎င်းတို့သုံးဉီးကို မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးခဲ့ပြီး တစ်ဉီးက ရရှိထားတဲ့ဒဏ် ရာတွေကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထားသူသုံးဉီးကို နယ်ခြားစောင့်တပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးတာဟာ သေတွင်းထဲပို့သလိုပဲ ဆိုတာ ထိုင်းနယ်ခြားစောင့် လုံခြုံရေးတာဝန်ရှိသူတွေ အပြည့်အဝ သိရှိပါတယ်။ ဘာ့ကြောင့် ထိုင်းလုံခြုံရေး တာ ဝန်ရှိသူတွေက အခုလိုမျိုး လုပ်တာပါလဲ” လို့ People’s Empowerment Foundation က ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောပါတယ်။

ဖမ်းဆီးထားတဲ့ PDF သုံးဉီးကို နေရပ်ပြန်ပို့တာဟာ ထိုင်းနဲ့မြန်မာစစ်တပ်ကြား ရင်းနှီးသောဆက်ဆံရေး ကို ထင်ဟပ်စေတယ်လို့ အတိုက်အခံ Move Forward Party မှ ပြောရေးဆိုခွင့်ရှိသူ ရန်စီမန်ရိုမီက ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့ဖွယ်ရှိတယ်လို့ နောက်ထပ် အတိုက်အခံပါတီ တစ်ခုဖြစ်တဲ့ The Commoners’ Party က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – AP
Ref; Thailand criticized for returning Myanmar resistance members