ဧရာဝတီတိုင်းမ်
ဧပြီလ ၁၀ ရက်

မနေ့က အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ် ဒီမာပူခရိုင်ရှိ မြန်မာဒုက္ခသည်စခန်းမှာ မီးလောင်မှုတစ်ခု ဖြစ် ပွားခဲ့ရာ အမျိုးသမီးတစ်ဉီး သေဆုံးပြီး ၉၀၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဉီးက ပြောပါ တယ်။

မနေ့က နေ့လည် ၁၂ နာရီဝန်းကျင်မှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး သက်ငယ်နဲ့ဆောက်လုပ်ထားတဲ့ နေအိမ် ၂၆၀ မီးလောင်ပြာကျခဲ့တယ်လို့ သူက ဆိုပါတယ်။

အသက် ၇၀ နှစ်အရွယ် အမျိုးသမီးတစ်ဉီး မီးလောင်မှုအတွင်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါ တယ်။ ဓာတ်ငွေ့ဆလင်ဒါတစ်လုံး ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါ တယ်။

မီးလောင်မှုကြောင့် အလုပ်သမားအများစုဖြစ်တဲ့ လူ ၉၀၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မီးလောင်မှု ဖြစ် ပွားရတဲ့အကြောင်းရင်းကို မဖော်ထုတ်ရသေးလို့ သိရပါတယ်။

မီးလောင်မှုအတွင်း လူအချို့ ပျောက်ဆုံးနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ မီးလောင်မှုကို ငြှိမ်း သတ်ဖို့ အနီးအနားရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ်တွေ စေလွှတ်ခဲ့ပြီး မီးလောင်ပြီး သုံးနာရီအကြာမှာ မီး တောက်ထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် ရူပီး သန်းနဲ့ချီတန်ကြေးရှိတဲ့ပစ္စည်းတွေ ပျက်စီးခဲ့ပြီး အကဲဖြတ်ပြီးမှသာ ဆုံးရှုံးမှုတန် ဖိုး အတိအကျကို သိရှိနိုင်မယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

၂၀၁၁ ခုနှစ်ကလည်း အဆိုပါဒုက္ခသည်စခန်းမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့လို့ လူသုံးဉီး သေဆုံးခဲ့တယ် လို့ သိရပါတယ်။

ကိုးကား – Deccan Herald
Ref; Massive fire in Nagaland’s Dimapur, 1 killed, 900 left homeless

#Ayeyarwaddy_Times