ဧရာဝတီတိုင်းမ်
ဧပြီလ ၁၀ ရက်။
ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်မှာရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ဧပြီလ ၉ ရက်နေ့ည ၉ နာရီအချိန်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတောင်သူလယ်သမားတွေကို ဖိအားပေးပြီး စိုက်ဘဏ်ချေးငွေတွေ ပြနိတောင်းခံနေတာကြောင့် ခုလိုမျိုးဖောက်ခွဲတိုက်တာခံရတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“ဗုံးပေါက်တဲ့အချိန်က အသံတော့ကြားလိုက်တယ် ထိခိုက်သူရှိတယ်လို့ မကြားမိဘူး၊ ဗုံးပေါက်ပြီးရပ်ကွက်ထဲက နေအိမ်တစ်ချို့ကိုစစ်သားနဲ့ရဲတွေဧည့်စာရင်း၀င်စစ်တယ်၊ ဒီမနက်ပိုင်းကလဲ အရပ်၀တ်တွေနဲ့ လမ်းထဲမှာ ပတ်နေတယ် စွတ်စွဲဖမ်းဆီးတာမျိုးတော့မရှိသေးပါဘူး”လို့ မြို့ခံ အမျိုသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
အဆိုပါဖောက်ခွဲမှုကို ကြံခင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒေသခံလယ်သမားတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးယူထားသောငွေများ ပြန်လည်ပေးဖို့ ဘဏ်ဝန်ထမ်းများက ပြန်လည်တောင်းယူနေပြီး မပေးနိုင်တဲ့သူတွေကို ဖမ်းဖို့ ခြိမ်းခြောက်နေတာကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကြံခင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဧပြိီလ ၈ ရက်နေ့ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းတန်ရဲ့ နေအိမ်ခြံ၀န်းအတွင်းမှာ ဗုံးတစ်လုံးဖောက်ခွဲတိုက်ခိုက်ခဲ့သလို စစ်ကောင်စီနဲ့ပါတ်သတ်တဲ့နေရာများကို ၂ ရက်ဆက်တိုက် ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။
#ကြံခင်း #မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် #ဗုံးကွဲ
#Ayeyarwaddy_Times