ဧရာဝတီတိုင်းမ်
ဧပြီလ ၉ ရက်

ရိုဟင်ဂျာတွေကို အာချေးပြည်နယ်မှာ ခိုလှုံခွင့်ပြုတဲ့ အင်ဒိုနီးရှားနိုင်ငံကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင် ရာ မဟာမင်းကြီး (UNHCR) က ချီးကျူးလိုက်ပါတယ်။

ပြီးခဲ့နှစ် နိုဝင်ဘာလအတွင်း အာချေးပြည်နယ်သို့ ဆိုက်ရောက်လာခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပံ့ပိုး ကူညီတဲ့အတွက် ဒေသန္တရအစိုးရနဲ့ ဒေသခံတွေကို UNHCR အကြီးတန်းဆက်သွယ်ရေးအရာရှိ မူဟာမက်ယာနူ ယာက ချီးကျူးလိုက်ပါတယ်။

ဧပြီလ ၄ ရက် ညနေပိုင်းမှာ ရိုဟင်ဂျာဒုက္ခသည် ၁၉၀ ကို အာချေးပြည်နယ်မှ ရီအော်ပြည်နယ်သို့ ဘတ်စ် ကားတွေနဲ့ လွှဲပြောင်းပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၁၉၀ အနက် ၁၄၀ က ယာယီစခန်းတစ်ခုမှာ နေထိုင်နေပြီး ကျန်ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅၀ မှာ Lhokseumawe မြို့တော်မှာ နေထိုင်လျက်ရှိပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၃၀၇ ဉီးက အာချေးပြည်နယ်မှာ ဆက်လက်ရှိနေဆဲလို့ သူက ဆိုပါတယ်။

UNHCR က ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လိုအပ်ချက်နဲ့ အခွင့်အရေးတွေကို ဖြည့်ဆည်းပေးဖို့ ဒေသန္တရ အာ ဏာပိုင်တွေ၊ အခြားမိတ်ဖက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှု ဆက်လက်ပြုလုပ်မယ်လို့ သူက အတည်ပြုပါတယ်။

အာချေးပြည်နယ်မှာ ကျန်ရှိနေသော ရိုဟင်ဂျာဒုက္ခသည်တွေက လက်ရှိ နေရာနှစ်ခုမှာ ခိုလှုံလျက်ရှိတယ် လို့ သူက ဆိုပါတယ်။

ကိုးကား – Antara News
Ref; UNHCR praises Indonesia for sheltering Rohingya refugees