ဧရာဝတီတိုင်းမ်
ဧပြီလ ၅ ရက်
ဖင်လန်နိုင်ငံက နေတိုးအဖွဲ့သို့ တရားဝင် ဝင်ရောက်လိုက်ပြီဖြစ်ရာ အဆိုပါနောဒစ်တိုင်းပြည်ဟာ ကမ္ဘာ့ အကြီးဆုံး စစ်ရေးမဟာမိတ်အဖွဲ့ရဲ့ ၃၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာပါတယ်။
နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် စတိုတန်ဘတ်ဂ်က ဖင်လန်သမ္မတ ဆော်လီနီနစ္စတိုနဲ့အတူ ဘယ်လ်ဂျီ ယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့က နေတိုးအဖွဲ့ဌာနချုပ်မှာ ဖင်လန်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
“ဒီနေ့ကစပြီး ဉရောပတိုက်ရဲ့ စည်းလုံးညီညွတ်မှုနဲ့ သွေးစည်းညီညွတ်မှု အမှတ်သညှာတစ်ခုအဖြစ် နိုင်ငံ့ အလံ ၃၁ ခုကို အတူတကွ လွှင့်ထူထားပါမယ်။ နေတိုးအဖွဲ့ကိုဝင်ရောက်တာ ဖင်လန်နိုင်ငံအတွက် ကောင်းသလို နောဒစ်နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ နေတိုးအဖွဲ့အတွက်လည်း ကောင်းပါတယ်” လို့ စတိုတန်ဘတ်ဂ်က ပြောပါတယ်။
ဖင်လန်နိုင်ငံက နေတိုးအဖွဲ့ဝင်ဖြစ်လာတာကြောင့် ဆယ်စုနှစ်ချီ စစ်ရေးဆိုင်ရာ ဘက်မလိုက်မှုမူဝါဒ အ ဆုံးသတ်သွားပြီဖြစ်ပါတယ်။ ဖင်လန်နိုင်ငံက ရုရှားနဲ့ ကီလိုမီတာ ၁၃၀၀ ခန့် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ဖင်လန်နိုင်ငံက ဘက်မလိုက်မူဝါဒ ပြောင်းလဲခဲ့ပြီး အိမ်နီးချင်း ဆွီဒင်နဲ့အတူ ပြီးခဲ့နှစ် မေလအတွင်း နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင်ဖြစ်လာတာကြောင့် ဖင်လန်နိုင်ငံရဲ့ ရုရှားနိုင်ငံနဲ့ ထိစပ်နေတဲ့နယ်နိမိတ် ပိုမိုရှည်လျားလာ ခဲ့ပါတယ်။ နေတိုးအဖွဲ့ တိုးချဲ့လာတာကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ကန့်ကွက်ခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ လုံခြုံရေးအတွက် တန်ပြန်အစီအမံတွေ လုပ်ဆောင်မယ်လို့ ရုရှားသမ္မတ ပူတင်ရဲ့ ပြောရေး ဆိုခွင့်ရှိသူက ဆိုပါတယ်။
ဆွီဒင်နိုင်ငံကရော နေတိုးအဖွဲ့သို့ ဝင်ရောက်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေရှိနေပါတယ်။ နေတိုးအဖွဲ့ ဝင် တူရကီနဲ့ဟန်ဂေရီက ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်လျှောက်ထားမှုကို ကန့်ကွက်ထားပါတယ်။
ကိုးကား – NHK
Ref; Finland officially joins NATO