ဧရာဝတီတိုင်းမ်
ဧပြီလ ၃ ရက်
အတိုက်အခံတွေကို ဖြိုခွင်းမှုရဲ့ တစ်စိတ်တစ်ဒေသအဖြစ် အာဏာသိမ်းစစ်ကောင်စီက အမျိုးသမီးတွေအ ပေါ် မုဒိမ်းကျင့်တာ၊ အခြားအကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ မြန်မာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဉီးက မကြာသေးမီက အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
မမေစပယ်ဖြူက အာဏာသိမ်းမှုဆန္ဒပြပွဲတွေမှာ အမျိုးသမီးတွေကို ဉီးဆောင်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ် ဧပြီလမှာ မြန်မာနိုင်ငံက ထွက်ပြေးခဲ့ရပြီး အခုအခါ ကော်နဲလ်တက္ကသိုလ်မှာ အရှေ့တောင်အာရှဆိုင်ရာ ဧည့်သု တေသီတစ်ဉီးအဖြစ် ဆောင်ရွက်နေပါတယ်။
အာဏာသိမ်းမှု ဆန့်ကျင်သူမှန်သမျှကို စစ်ကောင်စီက အကြောက်တရားသွတ်သွင်းလိုပြီး အကြောက်တ ရားကို လက်နက်တစ်ခုအဖြစ် အသုံးချကာ အမျိုးသမီးများ၏ခန္ဓာကိုယ်ကို စစ်မြေပြင်တစ်ခုအဖြစ် အသုံးပြုနေ တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း အမျိုးသမီး ၁၂၂ ဉီးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနဲ့ အမျိုးသား အတိုင်ပင်ခံကောင်စီ လိင်ပိုင်းဆိုင်ရာ မူဝါဒ ညိှနှိုင်းဆောင်ရွက်ရေးကော်မတီက မတ်လ ၈ ရက်မှာ ပူး တွဲထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း အမျိုးသမီး ၃၁၂၅ ဉီး ထိန်းသိမ်းခံခဲ့ရကာ ၁၅ ဉီးကို ထောင် ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ၁၁ ဉီးကို သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း အမျိုးသမီး ၄၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကာ ပဋိပက္ခတွင်း သေဆုံးသူ ၄၀၀ အ ထိ ရှိလာခဲ့ပြီး အချို့က စစ်ဆင်ရေး သို့မဟုတ် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။
မြန်မာနိုင်ငံတွင် မြေပြင်၌ အချက်အလက်ကောက်ခံဖို့ အခက်အခဲတွေရှိတာကြောင့် သေဆုံးသူနဲ့ ဖမ်းဆီး ခံရတဲ့ အမျိုးသမီးအရေအတွက်က အကန့်အသတ်နဲ့သာရရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသော၊ ဖမ်းဆီးခံရသော အမျိုးသမီးအရေအတွက်က လက်ရှိအရေအတွက်ထက် ပိုများနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။
ကိုးကား – VOA
Ref; Women Seen Targeted by Myanmar Forces With ‘Rape and Other Violence’