
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ဘုရားလှ(တောင်)ရွာ အထက်တန်းကျောင်းခွဲမှာ ကျောင်းတာဝန်ရှိသူတွေက တက်ရောက်နေတဲ့ကျောင်းသားတွေဆီကနေ ခေါင်းစဥ်အမျိုးမျိုးနဲ့ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျောင်းစဖွင့်လှစ်တဲ့ဇွန်လဆန်းပိုင်းမှာဘဲ ကျောင်းတွင်းသန့်ရှင်းရေးနဲ့အိမ်သာပြုပြင်ဖို့ဆိုပြီး မူလတန်း ၃၀၀၀ ကျပ်၊ အလယ်တန်း ၄၀၀၀ ကျပ်နဲ့ အထက်တန်းကို ၅၀၀၀ ကျပ်ကောက်ခံခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အထက်တန်း Grade 10 နဲ့ 11 သင်ကြားဖို့အတွက် သင်ကြားရေးဆရာငှားရမ်းမယ်ဆိုပြီး အဲ့ဒီအတန်းတွေက ကျောင်းသားတွေကို ၇၀၀၀ ကျပ်ကောက်ခံခဲ့တယ်လို့သိရပါတယ်။
” ကျောင်းစစဖွင့်ခြင်း မြက်ရှင်းဖို့နဲ့ အိမ်သာပြင်ဖို့ဆိုပြီး မူလတန်း ၃၀၀၀၊ အလယ်တန်း ၄၀၀၀၊ အထက်တန်း ၅၀၀၀ ကောက်တယ် နောက်ပြီး G10နဲ့ 11 ကို ဆရာငှားရမယ်ဆိုပြီး ၇၀၀၀ ကောက်တယ်၊ ပြီးတော့ဆရာလည်းမငှားဘူး။ လတိုင်းကောက်မယ်လို့သိရတယ်” လို့ ဒေသခံကျောင်းသားမိဘတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် အချိန်ပိုသင်ကြားတာတွေလုပ်နေပြီး အချိန်ပိုကြေးအတွက် တရက် ၂၀၀ ကျပ်နှုန်းနဲ့ကောက်ခံတယ်လို့ သူကဆက်လက်ပြောပါတယ်။
အဲ့ဒီ ဘုရားလှ အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီးဟာ ဦးဇွဲဥာဏ်အောင် ဆိုသူဖြစ်ပြီး သူဦးဆောင်ပြီးအဲ့ဒီလို ငွေကြေးကောက်ခံတာတွေပြုလုပ်နေတာလို့ပြောပါတယ်။
အဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဧရာဝတီတိုင်းမ်က အဲ့ဒီကျောင်းအုပ်ကို ကြိုးစားဆက်သွယ်ခဲ့ပေမယ့်ဆက်သွယ်မရခဲ့ပါဘူး။
စစ်ကောင်စီက ကျောင်းတွေစတင်မဖွင့်မီ မေလနောက် ဆုံးအပတ်အတွင်းမှာဘဲ လပွတ္တာမြို့နယ် ဘီတွတ်ရွာအထက်တန်းကျောင်းမှာ အထက်တန်းအတွက် ပြင်ပသင်ကြားရေးဆရာငှားရမ်းမည်ဟုဆိုကာ ကျောင်းသားတွေဆီက ငွေကြေးကောက်ခံတာတွေပြုလုပ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ – ငပုတောမြို့နယ်ပညာရေးမှူးရုံး(ပုံဟောင်း)။