ဧရာဝတီတိုင်းမ်
မတ်လ ၂၈ ရက်
လူပုဂ္ဂိုလ်နှစ်ဉီးနဲ့ အာဏာသိမ်းစစ်ကောင်စီ အသုံးပြုတဲ့ စစ်လက်နက်ကိရိယာတွေ ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတစ်ခုကို ဗြိတိန်နိုင်ငံက မတ်လ ၂၇ ရက်မှာ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
ဗြိတိန်နိုင်ငံက ဒဏ်ခတ်အရေးယူသူတွေထဲမှာ မြန်မာစစ်တပ်ကို လေယာဉ်ဆီ ထောက်ပံ့နေတဲ့ ကုမ္ပဏီ တစ်ခုနဲ့ ဒါရိုက်တာတစ်ဉီးအပြင် မြန်မာစစ်တပ်ထံ ကန့်သတ်ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေ ထောက်ပံ့နေတဲ့ နောက်ထပ်ကုမ္ပဏီတစ်ခုမှ ဒါရိုက်တာတစ်ဉီးလည်း ပါဝင်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးရုံးက ပြောပါတယ်။
ဒဏ်ခတ်အရေးယူခံရသူတွေ၊ ကုမ္ပဏီတွေဟာ ဗြိတိန်စီးပွားရေးလုပ်ငန်းတွေနဲ့ မည်သည့် ငွေကြေးဆက် ဆံမှုမျှ မပြုလုပ်ဖို့နဲ့ ဗြိတိန်နိုင်ငံသို့ ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။
“မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကို ဗြိတိန်နိုင်ငံက ရှုတ် ချပါတယ်” လို့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗြိတိန် ဒုတိယဝန်ကြီး အန်းမာရီထရီဗယ်လန်းက ပြောပါတယ်။
မြန်မာစစ်တပ် တာဝန်ခံစေဖို့နဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ရရှိရေး တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့ ဗြိတိန်နိုင်ငံက မိတ်ဖက်နိုင်ငံတွေနဲ့ အနီးကပ် ဆက်လက် လက်တွဲမယ်လို့ သူက ဆိုပါတယ်။
ဖေဖော်ဝါရီလအတွင်း အာဏာသိမ်းမှု ၂ နှစ်ပြည့်မှာ ဗြိတိန်နိုင်ငံက ဒဏ်ခတ်အရေးယူတာတွေ အပါအ ဝင် အမေရိကန်နဲ့ မဟာမိတ်တွေက မြန်မာစစ်ကောင်စီအပေါ် အရေးယူမှုတွေ လုပ်ဆောင်ပြီးနောက် ထပ်တိုး အ ရေးယူကြောင်း ဗြိတိန်က အခုလို ကြေညာခဲ့တာဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; Britain Targets Suppliers to Myanmar Junta in New Sanctions