ဧရာဝတီတိုင်းမ်
မတ်လ ၂၆ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ်လ ၂၅ ရက်နေ့ ညပိုင်းက မြေသယ်ကားတိုက်ခံရမှုကြောင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မှော်စီစာကျေးရွာအုပ်စုမှာ ကျောက်တွင်းကနေ မြေစာသယ်တဲ့ကားက ည ၇ နာရီကျော်လောက်မှာ အသက် ၃၀ အရွယ် ကိုပွားဌေးဆိုသူကို ဝင်တိုက်မိ တာကြောင့် သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
” ဒီမှာက မြေသယ်ကားတွေက မောင်းတာကြမ်းတယ်၊ ပြီးတော့လမ်းလည်းမကောင်းဘူး အဲ့တော့ ပိုဆိုးတာပေါ့၊ မနေ့က ကားနဲ့တက်ကြိတ်မိလို့ သေသွားတာက ရေမဆေးရှာတဲ့သူပါ”လို့ ဒေသခံအမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ရေမဆေးကြောက်ရှာတဲ့သူကို သေဆုံးအောင် တိုက်မိတဲ့ ကားဟာ ဘယ်ကုမ္ပဏီက ကားလည်းဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ကျေးရွာတွေမှာ လမ်းမကောင်းသလို မြေစာသယ်တဲ့ကားတွေက အရှိန်နဲ့မောင်းတာကြောင့် မကြာခဏဆိုသလို ယာဥ်တိုက်မှုတွေလည်းဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။