ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ မတ် ၂၀ ရက်
ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကလေးငယ်များဝမ်းပျက်၊ ဝမ်းလျှောအဖြစ်များနေပြီး မတ်လ ၁၈ ရက်နေ့က ၅ နှစ်အောက်ကလေး ၂ ဦးသေဆုံးသွားကြောင်းဒေသခံများထံမှ သိရသည်။
ကျေးရွာအများစုတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေပြီး ဆေးဝါစောင့်ရှောက်မှုနှင့် သွားလာစရိတ်ခက်ခဲမှာများအပြင် လုံလောက်သည့်ဆေးဝါးမရှိခြင်းတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“တခြားကျေးရွာတွေမှာလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်နေတယ်။ ဆေးဝါးကုသဖို့လည်း သွားလာစရိတ်မတတ်နိုင်ဘူး။ ဆရာဝန်တွေနဲ့ ဆေးဆရာမတွေလည်း ကျေးရွာတွေမှာ မရှိဘူး။ ဝမ်းရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိပညာပေးရန်နဲ့ ဆေးဝါးတွေ ရရှိနိုင်ဖို့ အမြန်လိုအပ်နေပါတယ်´´လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ကန်ပက်လက်မြို့နယ်တွင် ကလေးသူငယ်များ ဝမ်းပျက်၊ဝမ်းလျှောရောဂါအဖြစ်များမှုကြောင့် ကလေးငယ်သေဆုံးမှုမြင့်တက်လာနိုင်ပြီး အချိန်မီကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆေးဝါကုသနိုင်ရန်အတွက် အမြန်ဆုံးလိုအပ်နေကြောင်း ဒေသခံများထံမှသိရှိရပါသည်။
ကန်ပက်လက်မြို့တွင် အဓိကအသုံးပြုနေသော ကားလမ်းမများကို စစ်ကောင်စီတပ်က ပိတ်ပင်မှုကြောင့် ကျေးလက်နေပြည်သူများအနေဖြင့် မြို့ထဲသို့ သွားလာနိုင်ရန်အခက်ကြုံတွေ့နေကြရပြီး အဆိုပါအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် မြို့နယ် ၃ ခုဆက်သွယ်သွားလာနိုင်သော ကာလမ်းအသစ်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့်အပတ်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
#ချင်းပြည်နယ် #ကန်ပက်လက်မြို့နယ် #ကလေးသူငယ်များ #ဝမ်းပျက်ဝမ်းလျှော့ဖြစ် #ဆေးဝါးအကူအညီလိုအပ်နေ
#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…