ဧရာဝတီတိုင်းမ်
မတ်လ ၂၀ ရက်

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နှစ်နိုင်ငံကြား ရှေ့ပြေးစီမံကိန်းတစ်ရပ်အတွက် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်တာကို ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သတိထားမိတယ်လို့ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ ဆွေးနွေးမှုတွေမှာ UNHCR မ ပါဝင်သလို ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသို့ပြန်ရေးနဲ့ပတ်သက်လို့ UNHCR ရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေက ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ မသင့်တော်သလို ဒုက္ခသည်တိုင်းက နေရပ်ပြန်ခွင့်ရှိပေမယ့် အဓမ္မ နေရပ်ပြန်ခိုင်းတာ မဖြစ်သင့်ဘူးလို့ UNHCR က ထုတ်ပြန်ချက်အတွင်း ပြောပါ တယ်။

ရိုဟင်ဂျာဒုက္ခသည်အများစုက မြန်မာနိုင်ငံသို့ နေရပ်ပြန်ဖို့ မျှော်လင့်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ တာ အလွန်ကို အရေးကြီးပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စရပ်မှာ သက်ဆိုင်ရာ အဖွဲ့အစည်း တွေကြား တိုင်ပင်ဆွေးနွေးတာ၊ ပူးပေါင်းဆောင်ရွက်တာလဲ လိုအပ်ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ အတားအဆီးဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာဒုက္ခသည်တွေရဲ့ ယခင် နေရပ်တွေကို ဆောလျင်စွာ အတည်ပြုဖို့ UNHCR က မြန်မာစစ်ကောင်စီကို ၂၀၁၇ ခုနှစ်ကတည်းက တိုက်တွန်းခဲ့ ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအားလုံးကို အတည်ပြုဖို့နဲ့ တစ်ဖြည်းဖြည်း နေရပ်ပြန်ရေး လုပ်ဆောင်စေမယ့် ကြိုးပမ်းမှုတွေကို UNHCR က ပံ့ပိုးပေးတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဆန္ဒအလျောက် ရွေးချယ်ပိုင်ခွင့်ကို အခြေခံပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ဖို့ UNHCR က ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့နဲ့ ဆက်လက်ပြး လက်တွဲဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်သို့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အခြေအနေတွေ ဖန်တီးနိုင်မယ့် ကြိုးပမ်းမှု တွေကို UNHCR က ပံ့ပိုးကူညီမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – UNHCR
Ref; UNHCR statement on Bangladesh, Myanmar bilateral pilot project on Rohingya returns

#Ayeyarwaddy_Times