ဧရာဝတီတိုင်းမ်
မတ်လ ၁၈ ရက်

ဧရာ၀တီတိုင်းက မြို့နယ်တစ်ချို့မှာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကစတင်ပြီး တစ်ပါတ်အတွင်းမှာ မိုသည်းထန်းစွာရွာပြီး လေပြင်းတိုက်လို့လူနေအိမ် (၈၀) ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရပါတယ်။

” မတ်လ ၁၃၊ ၁၄၊ ၁၅ (၃)ရက်အတွင်းမှာ လေပြင်းဒဏ်ကြောင့် ပုသိမ်၊ သာပေါင်း၊ ဖျာပုံ၊ လေးမျက်နှာ ၊ကန်ကြီးထောင့် မြို့နယ်တွေက လူနေအိမ် (၈၃)လုံးပျက်စီးခဲ့ပါတယ်၊ အဲ့စာရင်းထဲမှာ အိမ်အမိုးလန်တာက ၅၂ လုံးနဲ့တစ်ပိုင်းပဲ ပျက်စီးတာ ၄လုံးပါ၀င်ပါတယ်”လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနကဝန်ထမ်းတဦးကဧရာ၀တီတိုင်းမ်းကို ပြောပါတယ်။

ဧရာ၀တီတိုင်းမှာမတ်လ၁၃ရက်နေ့ညပိုင်းကစပြီး ၁၅ရက်နေ့အထိမိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး၊ သစ်ပင်များလမ်းပေါ်လဲကျတာတွေဖြစ်ပွားခဲ့ပြီး၊ပုသိမ်မြို့နယ်က နေအိမ် ၈လုံး၊ သာပေါင်းမြို့နယ်က နေအိမ်၄လုံး၊ ကန်ကြီးထောင့်မြို့နယ်က နေအိမ် ၇ လုံး၊ လေးမျက်နှာမြို့နယ်မှာ နေအိမ် ၅၉ လုံး၊ ဖျာပုံမြို့နယ်မှာနေအိမ်၆လုံးပျက်စီးခဲ့ရတာလို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

“အရင်ဆိုခုလို နွေရာသီမှာ တစ်ခါမှမကြုံဘူးပါဘူး၊ လေကရုတ်တရက်ကြီးထတိုက်လိုက်တာအိမ်တစ်ခုလုံး လွှင့်ကုန်တာ အိမ်အမိုးက ခေါင်တိုင်ပါ အနောက်လမ်းကိုရောက်သွားတာ နောက်ရက်ကြတော့ အိမ်ပြန်ဆောက်ဖို့ဆိုပြီး စစ်ကောင်စီက လူတွေ တစ်သိန်းလာပေးပြီး ဓါတ်ပုံရိုက်သွားတယ်မိသားစုကတော့ ယာယီတဲထိုးပြီးနေနေရတယ်ပြန်မဆောက်နိုင် တော့ဘူး”အိမ်ပျက်စီးရာမှ ပါ၀င်သွားတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းဒေသကြီး မှာ၂၀၂၃ ခုနှစ်အစပိုင်းမှာတင် ဒုတိယအကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ညနေပိုင်းက အချိန်အခါမဟုတ်မိုးရွာပြီးလေပြင်တိုက်လို့လူနေအိမ်၂၉လုံး ပျက်စီး ဆုံးရှုံး ခဲ့တယ်လို့တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဌာနရဲ့မှတ်တမ်းတွေအရသိရပါတယ်။

#ဧရာဝတီတိုင်း #လေပြင်းတိုက် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…