ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မတ်လ ၁၇ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ ဆောင်ပြောင်းရွာအနီးတွင် စောင်နှင့်ပတ်ကာစွန့်ပစ်ခံခဲ့ရသည် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး၏အလောင်းကို ယမန်နေ့ မတ်လ ၁၆ ရက်နေ့တွင် ကရင်နီဝောာ်လှန်ရေးတပ်ဖွဲ့ဝင်များက ကောင်းမွန်စွာမြှုပ်နှံပေးခဲ့ကြောင်း ကရင်နီပြည်သူ့ ရင်ခွင်ထံက သိရသည်။
စောင်နှင့်ထုပ်ကာ စွန့်ပစ်ခံရသည့် အဆိုပါ တပ်ကြပ်ကြီးမှာ တပ်ကြပ်ကြီးမင်းခိုင်ဖြစ်ပြီး နမ့်ဇန်အခြေစိုက် အမှတ်(၂၄၇) ခြေလျင်တပ်ရင်းမှ ဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီတပ်ကြပ်ကြီးသည် ဆောင်ပြောင်းရွာအနီးတိုက်ပွဲတွင် သေဆုံးခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်မှ စောင်နှင့်ပတ်၍အလောင်းကို စွန့်ပစ်ခဲ့ပြီး ကရင်နီ ဝောာ်လှန်ရေး တပ်ဖွဲ့ဝင်များမှ တွေ့ရှိကာ ကောင်းမွန်စွာမြှုပ်နှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဆောင်ပြောင်းမှာ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်တယ်။ သူတို့(စစ်ကောင်စီတပ်) ဘက်က အများကြီးကျတယ်။ လုံးဝကိုင်လို့မရတဲ့အလောင်းတွေက ၂၀ ကျော်တယ်။ သူကတော့ တပ်ကြပ်ကြီးဖြစ်ပြီး သေသွားတာဝောာင် စောင်လေးပဲခြုံပြီး စွန့်ပစ်ခံခဲ့ရတယ်။ ဒါကမဖြစ်သင့်ဘူး။ ကျွန်တော်တို့ခံယူချက်ကတော့ သူသည် သေသွားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ရန်သူမဟုတ်တော့ဘူး။ လူကိုလူလို့ယူဆတဲ့အတွက် ကောင်းကောင်းမွန်မွန် လုပ်ပေးခဲ့တာပါ” ဟု ကရင်နီပြည်သူ့ရင်ခွင်မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် တပ်ကြပ်ကြီးမင်းခိုင်နောင်ဘဝတွင် အာဏာရှင်ဘက်မှနေ၍ ပြည်သူကို သတ်သည့်သူမဖြစ်ဘဲ တိုင်းပြည်နှင့်ပြည်သူလူထုကို ကာကွယ်ခွင့်ရသည့်သူဖြစ်စေရန် ဆုဝောာင်းပေးခဲ့ကြောင်းလည်း ကရင်နီပြည်သူ့ရင်ခွင်က ဆိုသည်။
“သေဆုံးသူဟာ သူတို့(စကစ)ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေတာဖြစ်တယ်။ သူတို့တပ်သားဖြစ်တယ်။ ဒါကိုကောင်းကောင်းမွန်မွန်ချီးမြှင့်တာမရှိပဲ စွန့်ပစ်ခဲ့တယ်။ သက်ဆိုင်ရာအနေနဲ့မလုပ်သင့်ဘူး။ ဒါဟာ လက်အောက်ငယ်သားတွေကိုမကြည့်ဘူး ဆိုတာ ပြနေတာပဲ” ဟု ကရင်နီပြည်သူ့ရင်ခွင်မှ တာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယခုအခါ ကရင်နီတွင် စစ်ကောင်စီတပ်မှ အင်အားအလွန်အကျွံသုံး၍ စစ်ကြောင်း ထိုးကာ ထိုးစစ်ဆင်နေပြီး ရှမ်း-ကယားနယ်စပ် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။
#ကရင်နီပြည်နယ် #ဆောင်ပြောင်း #စစ်ကောင်စီ #စောင် #တပ်ကြပ်ကြီး #ခမရ၂၄၇ #မြေမြှုပ် #Ayeyarwaddy_Times