ဧရာဝတီတိုင်းမ်
မတ်လ ၁၇ ရက်
အာဏာသိမ်းစစ်ကောင်စီက ဖြတ်လေးဖြတ်စနစ် ကျင့်သုံးနေပြီး စုပေါင်းအပြစ်ပေးမှုအဖြစ် အရပ်သား တွေကို ပစ်မှတ်ထားနေတယ်လို့ ကုလသမဂ္ဂ အကြီးတန်းတာဝန်ရှိသူတစ်ဉီးက မနေ့က ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အ စိုးရကို ဖြုတ်ချပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်နေခဲ့တာပါ။
“အာဏာသိမ်းတာ ၃ နှစ်မြောက်ရှိလာချိန်မှာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ် စစ်တပ်အာဏာသိမ်းမှုရဲ့ အကျိုးသက်ရောက်မှုတွေက ပိုဆိုးလာခဲ့ပါတယ်” လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာက အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပြောပါတယ်။
“ပဋိပက္ခမဖြစ်ဖူးတဲ့ဒေသတွေအထိ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာကြောင့် အရပ်သားတွေ ပိုအန္တရာယ်ရှိ လာပြီး မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီ ပေးအပ်ဖို့ ခက်ခဲရှုပ်ထွေးလာပါတယ်” လို့ သူ က ဆိုပါတယ်။
ဒီမိုကရေစီ ရွေးကောက်ခံနိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူတွေ၊ သ တင်းထောက်တွေ ဖမ်းဆီးခံရတာတွေ ဆက်လက်ရှိနေပြီး ထိန်းသိမ်းခံရတဲ့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ အကြမ်းဖက်ခံရတာတွေ ရှိနေတယ်လို့ နိုလန်းဟေဇာက ပြောပါတယ်။
ရခိုင်ပြည်နယ်မှ ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာတွေဟာ အခက်အခဲတွေ ကြုံတွေ့နေရပြီး ခက်ခဲစွာ နေထိုင် နေရပြီး စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ နိုလန်းဟေဇာက ထောက်ပြပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ရိုဟင်ဂျာ လူသားချင်းစာနာမှုအကျပ်အတည်း ဖြေရှင်းဖို့အတွက် ဒေါ်လာ ၈၇၆ သန်း ရရှိဖို့ ကုလသမဂ္ဂက ကြိုးပမ်းနေပါတယ်။
ကိုးကား – Anadaolu
Ref; UN envoy accuses Myanmar army of blocking access to food, funds, information
#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။