ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၁၀ ရက်
ကရင်နီ (ကယား) ပြည်နယ်၊ အနောက်ကယန်းဒေသမှာ ဆေးဝါးမလုံလောက်မှု၊ ဆေးကုသမှုမရရှိခြင်းတို့ကြောင့် တစ်လအတွင်း စစ်ဘေးရှောင် ၄ဦး သေဆုံးခဲ့ရတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူများထံမှ သိရပါတယ်။
ဆေးဝါးလိုအပ်ချက်ပိုမိုမြင့်မားလာသည်နှင့်အတူ ဆေးဝါးကုသခွင့်မှာလည်း အချိန်မှီ မရရှိနိုင်သည့်အတွက် နေရပ်စွန့်ခွာပြီး ကရင်နီပြည် အနောက်ကယန်းဒေသသို့ လာရောက်ခိုလှုံနေကြသော စစ်ဘေးရှောင်ပြည်သူများ ယခုလို မိုးရာသီကာလမှာ သေဆုံးမှုနူန်း မြင့်မားလာခဲ့ခြင်း ဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူအချို့က ဆိုပါတယ်။
” အဲ့ဒေသက စစ်ဘေးရှောင်စခန်းတစ်ခုမှာရှိတဲ့ ကလေးသူငယ်တွေ မိခင်တွေ အားလုံးဟာချောင်းဆိုးခြင်း ရင်ကြပ်ခြင်းနှင့် ဖျားနာဝေဒနာများ ခံစားနေကြရပါတယ်။ ကလေးငယ်တွေအတွက်ဆိုလည်း ကာကွယ်ရေး အလုံအလောက်မရှိပါဘူး။ ဆေးဝါးလည်း လုံလောက်မှုမရှိပါဘူး” လို့ အနောက်ကယန်းဒေသရှိ စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာ ဆေးဝါးရှားပါးခြင်း၊ ဆေးဝါးကုသမှုခံယူနိူင်မည့် ဆေးရုံနှင့် ဆေးပေးခန်းတို့နှင့် အလှမ်းဝေးလွန်းခြင်း၊ ရာသီဥတုအေးပြီး မိုးလုံလေလုံသော နေရာထိုင်ခင်းများ မရှိခြင်း၊ သင့်တင့်မျှတသော အစားအစာအဟာရ မရရှိခြင်း၊ ကျန်းမာရေးဝန်ဆောင်မှု မရှိသလောက်ရှားပါးခြင်းတို့ကြောင့် တစ်လအတွင်း စစ်ဘေးရှောင်ပြည်သူ ၄ဦးအထိ သေဆုံးခဲ့ရတာလို့ CDM ဆရာဝန်တစ်ဦးက သုံးသပ်ထားပါတယ်။
ဓာတ်ပုံ – ပေးပို့