ဧရာဝတီတိုင်းမ်
(ရေး)၊ မတ်လ ၁၅ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအနီးတွင် ယနေ့မတ်လ ၁၅ ရက် နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီသတင်းပေးဆိုသူအား ဦးလွင်မိုးအေးအား ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကျောင်းရွာတွင်နေထိုင်သူ စစ်ကောင်စီသတင်းပေးဦးလွင်မိုးအေးအား ကားမောင်းလာစဉ်လမ်းတွင်သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးလွင်မိုးအေးမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး ကားပေါ်ပါလာသူ အမျိုးသမီးတစ်ဦးနှင့်ကလေးတစ်ဦးမှ ကျည်ရှပ်ထိဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ဒီနေ့ စစ်ကောင်စီသတင်းပေးတစ်ဦးကို ရှင်းခဲ့တယ်။ အပြန်မှာ စစ်ကောင်စီဘက်ကလူတွေကစောင့်နေလို့ အပြန်အလှန်ပစ်ခတ်ခဲ့မှုဖြစ်ပွား တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့ဘက်က ကားတစ်စီး ထားခဲ့ရတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုရှိတယ်ကြားရတယ်။ အတည်မပြုနိုင်ပါဘူး။ ကျွန်တော်တို့အကောင်းဆုံး ဆုတ်ခွာနိုင်ခဲ့တယ်။” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသတင်းပေးဆိုသူ ဦးလွင်မိုးအေးမှာ စစ်ကောင်စီထံ PDF များသတင်းပေးခြင်း၊ စစ်တပ်နှင့်ပူးပေါင်း၍ချဲဒိုင်လုပ်ငန်း လုပ်ကိုင်ခြင်း၊ စစ်ကောင်စီတပ်သား၊ စစ်ဗိုလ်များနှင့် အပေါင်းအသင်းလုပ်၍ ပြည်သူများအပေါ်ဖိနှိက်ခြင်းများကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။
ရေးတွင် မတ်လ ၁၀ ရက်နေ့ကလည်း ရေး-မော်လမြိုင်ကားလမ်းမပေါ်ရှိ ခံသင်းတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းအား ရေးဘီလူးအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တပ်သား ၆ ဦးဝန်းကျင်သေဆုံးနိုင်ပြီး ကျန်တပ်သားများမှာ ထွက်ပြေးသွားကြောင်းလည်း ရေးဘီလူးအဖွဲ့ထံမှ သိရပါသည်။
#ရေးမြို့နယ် #ကျောင်းရွာ #သတင်းပေး #ရေးဘီလူး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။