ဧရာဝတီတိုင်းမ်
မတ်လ ၁၅ ရက်

တရုတ်နိုင်ငံက ရိုဟင်ဂျာအရေး ဖြေရှင်းရာမှာ ဖျန်ဖြေသူတစ်ဉီးကဏ္ဍမှ ဆက်လက်တာဝန်ယူစဉ် ပထမ အသုတ် ရိုဟင်ဂျာဒုက္ခသည်တွေကို မကြာမီ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ဝမ်က မျှော်လင့်နေပါတယ်။

“သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးရဲ့ ပူးပေါင်း ကြိုးပမ်းမှုတွေကြောင့် မကြာမီ ပထမအသုတ် ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ တရုတ်သံရုံးမှာပြုလုပ်တဲ့ Spring Dialogue မှာ သူက သတင်းထောက်တွေကို ပြောပါတယ်။

တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြား သုံးပါတီ အစီအစဉ်တစ်ရပ် စတင်ခဲ့ပေမယ့် ရိုဟင်ဂျာတွေ နေရပ်ပြန်လည်ပို့ဆောင်ရေးကို မစတင်နိုင်ခဲ့တာကို စိတ်မကောင်းဖြစ်ရတယ်လို့ သူက ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူတာက ရိုဟင်ဂျာတွေ နေရပ်ပြန် လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို နှေးကွေးစေတဲ့ အချက်အချို့ဖြစ်တယ်လို့ ၎င်းက ထောက်ပြပါတယ်။

“တရုတ်နိုင်ငံက ရိုဟင်ဂျာတွေ နေရပ်ပြန်လည်ပို့ဆောင်တဲ့ လုပ်ငန်းစဉ်မှာ ဘယ်တော့မှ ပျက်ကွက်တာ ရှိလာမှာမဟုတ်ဘဲ သူ့ရဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်” လို့ သူက ပြောပါတယ်။

ယူကရိန်း-ရုရှားစစ်ပွဲအတွက် ငွေကြေးထောက်ပံ့မယ့်အစား ရိုဟင်ဂျာတွေအတွက် ငွေကြေး ပိုမို လှူဒါန်း ကြဖို့ ယောင်ဝမ်က နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အနောက်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

ကိုးကား – BSS News
Ref; Chinese envoy hopes for 1st batch Rohingya repatriation soon