ဧရာဝတီတိုင်းမ်
မတ်လ ၁၁ ရက်
စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြး တရားရင်ဆိုင်နေရတဲ့ ကချင် ခရစ်ယာန်ဘာသာရေးခေါင်း ဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို လွှတ်ပေးဖို့ အမေရိကန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်က ထင်ရှားတဲ့ ကချင်ဘာသာရေးခေါင်းဆောင်ဖြစ်ပြီး ကချင်အမျိုးသား အ တိုင်ပင်ခံကောင်စီရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဒေါက်တာခလမ်ဆမ်ဆွန်က ထင်ရှားသော လူ့အခွင့်အရေး အကြံပေးဖြစ်သလို လူသာချင်းစာ နာမှုလုပ်ငန်းတွေ လုပ်ဆောင်မှုကြောင့် လူသိများထင်ရှားဖြစ်သူပါတယ်။
စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှာ ဗန်ကောက်မြို့သို့ ဆေးကုသမှုခံယူဖို့ ထွက်ခွာလာတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုကြောင့် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေနဲ့ တရားစွဲဆိုခဲ့ပါ တယ်။
“ဒေါက်တာခလမ်ဆမ်ဆွန် ဘေးအန္တရာယ်ကင်းရေးအတွက် ကျွန်တော်တို့ အလွန် စိုးရိမ်ပြီး သူ့ကို တရားစွဲဆိုထားတဲ့ စွဲချက်တွေရုတ်သိမ်းဖို့နဲ့ ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ စစ်ကောင်စီထံ တောင်းဆိုရာမှာ မိတ်ဖက်တွေ၊ မဟာမိတ်တွေ ပူးပေါင်းကြဖို့ တောင်းဆိုပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြော ရေးဆိုခွင့်ရှိသူ နက်စ်ပရိုက်က ပြောပါတယ်။
Human Rights Watch အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေရဲ့ အတိဒုက္ခ၊ ကချင်၊ ရှမ်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ လူနည်းစု ဘာ သာရေးအသိုင်းအဝိုင်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ကျူးလွွန်တဲ့ ရာဇဝတ်မှုတွေကို စိုးရိမ်မိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ထုတ် ဖော်ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံရှိ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူနည်းစုအသိုင်းအဝိုင်းတွေအပေါ် ယုတ္တိမတန်သော ဖိ နှိပ်မှုတွေ ရပ်ဆိုင်းဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို ကျွန်တော်တို့ တိုက်တွန်းပါ တယ်” လို့ နက်စ်ပရိုက်က ပြောပါတယ်။
ကိုးကား – VOA
Ref; U.S. Calls for Release of Christian Leader in Burma