ဧရာဝတီတိုင်းမ်
မတ်လ ၈ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းက ရိုးမတောင်ခြေကို စစ်ကောင်စီတပ်သားတွေက မတ်လဆန်းပိုင်းက စတင်ကာ စစ်ကြောင်းထိုးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကွင်းကောက်မှာရှိတဲ့ စစ်ကောင်စီတပ်ကနေ အင်အား ၂၀ လောက်နဲ့ လက်နက်အပြည့်စုံပါတဲ့ စစ်ကြောင်းက ဝင်ရောက် စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒေသခံတွေကိုလည်း တောထဲဝင်ခွင့်တားမြစ် ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဘာသတင်းကြားလို့လည်းတော့မသိဘူး ဝင်သွားတာ ၃ ရက်လောက်တော့ရှိပြီ၊ အင်အား ၂၀ လောက်ပါတယ်၊ ပြီးတော့ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ပခုံးထမ်းလောင်ချာလိုဟာမျိုးတွေတောင် ပါတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာ ဗုံးပေါက်ကွဲတာမျိုး မဖြစ်တာကြာပြီဖြစ်တဲ့ လေးမျက်နှာ မြို့နယ် အတွင်းကတောတွေထဲကို ခုလိုမျိုး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာဟာ ရှေ့တန်းမထွက်ချင်လို့ လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိဆက်နေတာကြောင့် ခုလိုမျိုး စစ်ကောင်စီ တပ်တွေက စစ်ကြောင်းထိုးရှာဖွေတာမျိုးတွေပြုလုပ်နေတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။