ဧရာဝတီတိုင်းမ်
မတ်လ ၈ ရက်
မြန်မာ့အရေးနဲ့ပတ်သက်လို့ စိုးရိမ်မိပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအ ဝင် ရက်စက်ကြမ်းကြုတ်သော နည်းဗျူဟာတွေတိုးလာတာကို ရှုတ်ချတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၅၂ ကြိမ်မြောက် အစည်းအဝေးမှာ ဗြိတိန် လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး ရီတာဖရန့်ချ်က ပြော ပါတယ်။
စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဝတ်ပြုဆုတောင်းရာနေရာတွေ အပါအဝင် အရပ်ဘက် အခြေခံအ ဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရပ်တန့်ရမှာဖြစ်ပြီး အရပ်သားတွေကို ကာကွယ်ပေးရမယ် လို့ ရီတာဖရန့်ချ်က ဆိုပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၃၀၀၀ ကျော် သတ်ဖြတ်ခံရကာ ၁၉၀၀၀ ကျော် ထိန်းသိမ်းခံခဲ့ရပြီး အ မျိုးသမီး ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေဟာ အွန်လိုင်းမှာ ပိုပြီး ပစ်မှတ်ထားတိုက်ခိုက်ခံနေရတယ်လို့ ရီတာ ဖရန့်ချ်က ထောက်ပြပါတယ်။
စစ်ကောင်စရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုဆန့်ကျင်တဲ့ လက်နက်ရောင်းချမှုပိတ်ပင်တာ၊ အခြားနည်း လမ်းနဲ့အရေးယူတာတွေလိုမျိုး ဒဏ်ခတ်အရေးယူတာတွေ ဗြိတိန်နိုင်ငံက ဆက်လက်လုပ်ဆောင်မယ်လို့ သူက ဆိုပါတယ်။
“လူ့အခွင့်အရေးကိ လေးစားသမှုရှိဖို့နဲ့ အကြမ်းဖက်မှုတေွ အဆုံးသတ်ဖို့ တောင်းဆိုထားတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ပထမဆုံးသော ကုလသမဂ္ဂ လူ့အခွင်အရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်း ချမှတ်ဖို့ ဗြိတိန်ုနိုင်ငံက ဉီး ဆောင်ခွင့်ရတဲ့အတွက် ကျွန်မ ဂုဏ်ယူပါတယ်” လို့ ရီတာဖရန့်ချ်က ပြောပါတယ်။
“တာဝန်ခံမှုဆိုတာ မြန်မာစစ်တပ်ရဲ့ ပြစ်ဒဏ်ကနေ သက်ညှာခွင့်ရနေတဲ့ယဉ်ကျေးမှု အဆုံးသတ်စေမယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို အရေးယူရမှာဖြစ်ပါတယ်” လို့ ရီတာဖရန့်ချ် က ဆိုပါတယ်။
ကိုးကား – www.gov.uk
Ref; UK Statement on Myanmar