ဧရာဝတီတိုင်းမ်
မတ်လ ၇ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံနီရွာတွင် ပျူစောထီးများမှာ ရိက္ခာပြတ်သဖြင့် မြို့ပေါ်ဈေးတက်၀ယ်ယူပြီး မပြန်ရဲသဖြင့် စစ်ကောင်စီတပ်ဖွဲ့၀င်များကို ပိုက်ဆံပေး၍ ရွာသို့ပြန်လိုက်ပို့ခိုင်းစဉ် လက်နက် ကြီးဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
မတ်လ ၅ ရက် မွန်းလွဲပိုင်းအချိန်က ကံနီရွာမှ ပျူစောထီးများသည် မြို့ပေါ်သို့ ဈေးတက်၀ယ်ယူပြီးအပြန်တွင် စစ်ကောင်စီအဖွဲ့များကို တစ်ဦးလျှင် ငွေကျပ်တစ်သိန်းပေး၍ ပြန်လိုက်ပို့ခိုင်းရာ ကျောင်း ကုန်းနှင့် ညောင်ပင်ရွာအထွက်အရောက်တွင် Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်တပ်ကို တစ်ယောက်တစ်သိန်းပေးပြီး ကံနီရွာကို ပြန်လာကြတာ ပျူတွေက။ ပျူရွာပေါ့အဲဒီရွာက။ ရိက္ခာပြတ်လို့ ထွက်၀ယ်ကြပြီး အပြန်မှာ မပြန်ရဲလို့ လုံခြုံရေးငှားလာကြတာ။ လမ်းမှာစောင့်ပြီး တိုက် ခိုက်ခဲ့ကြတာ။ အုပ်ထဲကို တည့်တည့်ကျတော့ အထိ အခိုက်သေဆုံးကတော့ များမယ်။ သေချာတော့ မသိရသေးဘူး”ဟု ဘာမထီအဖွဲ့တာ၀န်ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။
၎င်းမှဆက်လက်ပြီး ကံနီရွာရှိ ပျူများအသုဘချစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ စက် လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ၆၀ မမဖြင့်လည်း ပစ်ခတ်ခဲ့ကြသော်လည်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆို သည်။
အဆိုပါတိုက်ခိုက်မှုကို ဘာမထီအဖွဲ့၊ မြိုင်(ပကဖ) တပ်ရင်း (၁)၊ ဦးလေးကြီးအဖွဲ့နှင့် နယ်ခံမဟာမိတ်အဖွဲ့များမှ ပူးပေါင်း၍ Rocket များဖြင့် အချက် ၂၀ ကျော်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြိုင်မြို့နယ် #ပျူစောထီး #စစ်ကောင်စီတပ် #လက်နက်ကြီးပစ်ခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…